စက်တင် ဘာ ၁၆ ရက်အား ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နှစ်စဉ်မြန်မာနိုင်ငံ အပါအဝင် က္ဘာအနှံ့ နိုင်ငံများတွင် အခမ်းအနားများ ကျင်းပ လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်လှုပ်ရှားမှုများကို ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်။ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ ''ကမ္ဘာ့အပူချိန်လျှော့ချဖို့ ဆက်လက်ဆောင်ရွက်စို့'' (Keep Cool and Carry On) ဖြစ်သည်။