ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းအား ဒိန်းမတ်သံအမတ်ကြီး H. E. Mr. John Nielsen မှလာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၁၄-၁၁-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. John Nielsen အား ၁၄-၁၁-၂၀၁၈ ရက်နေ့၊ (၁၅: ၁၅) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်​လျောညီထွေစွာ ရပ်တည်နိုင်ရေး လုပ်ငန်းစီမံကိန်းအား ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ အကောင်အထည်ဖော်မှု အခြေအနေများ၊ ဒီရေရောက်သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့် ဒေသခံများ၏ လူမှုဘဝမြှင့်တင်ရေး ရွေးချယ်ဆောင်ရွက်မည့် စီမံကိန်းဒေသများ၊ သဘာဝ သယံဇာတစီမံအုပ်ချုပ်ခြင်းနှင့် တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူခြင်းကို တားဆီး ထိန်းချုပ်သည့်လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတ စီမံအုပ်ချုပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ သတင်းစဉ်