ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၁၂-၁၂-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H. E. Mr. Hong Liang အား ၁၂-၁၂-၂၀၁၈ ရက်နေ့၊ (၁၀: ၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး       ဦးကျော်ဆန်း တို့တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သတ္တုလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်အတွက် ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းဖော်ဆောင်ရာတွင် ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းစေရေး၊ သတ္တုတွင်းထွက်ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအထောက်အပံ့များပေးနိုင်ရေး၊ အနာဂတ်ကာလတွင် ရင်းနှီးပွင့်လင်းစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်းသတင်းရရှိသည်။