ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊ ၃၁-၁-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H. E. Mr. Kristian Schmidt ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ၃၁-၁-၂၀၁၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မအစီအစဉ်တို့ကို မကြာမီထုတ်ပြန်နိုင်ရေး၊ မြန်မာနိုင်ငံအတွင်း ပလပ်စတစ် ညစ်ညမ်းမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးအတွက် ဥရောပသမဂ္ဂ၏ ကူညီပံ့ပိုးမှုကို ရယူနိုင်ရေး၊ အိုင်ချီ ၂၀၂၀ ရည်မှန်းချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်းနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်များ အချိန်မီ ပြီးမြောက်အောင်မြင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။