နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ပုလဲကျွန်းနှင့် လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်တို့အား ကြည့်ရှုမကြုံဂလက်ကျေးရွာမှ ဆလုံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်တွေ့ဆုံ

မြိတ် ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းသို့ရောက်ရှိကြသည်။

ပုလဲထုတ်လုပ်မှုအဆင့်ဆင့်ကြည့်ရှု

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ပုလဲကျွန်း၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ မုတ်ကောင်များ သားဖောက်မွေးမြူထားရှိမှု၊ မုတ်ကောင် အတွင်းသို့ ဝတ်ဆံများထည့်သွင်းနေမှုနှင့် ပုလဲထုတ် လုပ်မှုအဆင့်ဆင့်ကို လိုက်လံ ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ပုလဲကျွန်း၌ တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်ချက် များရှိပါက တင်ပြကြ ရန်နှင့် တာဝန်ရှိသူများအား ဝန်ထမ်း အိမ်ရာများ ပြန်လည်ပြုပြင်ရန်အတွက် ရန်ပုံငွေတောင်းခံ သွားရန်ပြောကြားသည်။

ပုလဲထုတ်လုပ်မှု ဖက်စပ်လုပ်ကိုင်

အဆိုပါပုလဲကျွန်းတွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲထုတ် လုပ်မှုကို ၁၉၆၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံပိုင် ပုလဲထုတ်လုပ် မှုအနေဖြင့် ပုလဲကျွန်းအပြင် ဘုတ်ပြင်းမြို့နယ် မန်ကျည်းပင် ဆောင်ကျွန်းနှင့် ဇင်ယော်ကျွန်း၊ကော့သောင်းမြို့နယ် တွင် ဂျလန်ကျွန်း၊ ငလုံးလဖယ်ကျွန်းနှင့် စိန့်လုခ်ကျွန်း၊ မျောက်နီ ကျွန်းနှင့် မျောက်ဖြူကျွန်း၊ ကျွန်းစုမြို့နယ်တွင် နတ်သမီး ရေတွင်းကျွန်း၊ ပြင်စဘုကျွန်း၊ ဒိုမယ်ကျွန်းနှင့် ဒုံးပုလဲကျွန်း၊ ပုလောမြို့နယ်တွင် မလိကျွန်းတို့တွင် ၂၀၀၀ ခုနှစ်မှစတင်ကာ ပြည်တွင်း၊ ပြည်ပ ကုမ်္ပဏီများဖြင့် ပုလဲထုတ်လုပ်မှုကို ဖက်စပ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် ပုလဲ မွေးမြူရေးစခန်းများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာနိုင်ရန် စီစဉ်ထားရှိရာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ ခရီးသွား လုပ်ငန်းမှ ငွေကျပ်ကျပ်သိန်း ၃၂၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဘုတ်ပြင်း၊ ကော့သောင်း မြို့နယ်အတွင်းရှိ ပင်လယ်ပြင်ကျွန်းများအား ကြည့်ရှုထွက်ခွာခဲ့ရာ လန်ပိအ်္ဏဝါ အမျိုးသားဥယျာဉ် ဝလယ်ကျွန်းသို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်အား သစ်တောဦးစီးဌာန ဩန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ဆိုင်ရာအချက် အလက်များနှင့် လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်အား သဘာ၀ ကိုအခြေခံသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့ နှင့် ကော့သောင်းမြို့ အတွင်းတည်ရှိပြီး ဥယျာဉ်အကျယ်အဝန်းမှာ ၅၀၅၂၈ ဒသမ ၇၃ ဧက ကျယ်ဝန်း ကြောင်း သိရသည်။ အဆိုပါဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါဥယျာဉ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ အမြဲစိမ်းတောများ၊ ဒီရေတောများ၊ သဲသောင်ခုံများ၊ သန္တာ ကျောက်တန်းများ၊ ပင်လယ်ရေအောက်မြက်ခင်းများ တည်ရှိ ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့သည် ကော့သောင်းမြို့နယ် မကြုံဂလက် (မော်ကင်း)ဆလုံတိုင်းရင်းသားကျေးရွာသို့ရောက်ရှိကြပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်က မိမိတို့ နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စု ကြီးမှာ ကျယ်ဝန်းပါကြောင်း၊ မည်သို့ပင် ကျယ်ဝန်းပါစေ တိုင်းရင်းသားများမှာ မိမိတို့အတွက် တန်းတူညီတူအရေးပါပါ ကြောင်း၊ ဆလုံတိုင်းရင်းသားများ အရေအတွက်မများတော့ သော်လည်း အရေအတွက်အများဆုံးဖြစ်သည့် ဗမာတိုင်းရင်း သားများနည်းတူ အရေးပါပါကြောင်း၊ မိမိတို့အနေဖြင့် တန်ဖိုး ထားပါကြောင်း၊ သို့ဖြစ်၍ အစိုးရအနေဖြင့် တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးလိုပါကြောင်း။

ယင်းသို့ ဆောင်ရွက်ပေးရန်ဆိုလျှင် လိုအပ်သည့်အခြေ အနေများကိုသိရန် အရေးကြီးပါကြောင်း၊ အဝေးမှမည်သို့ပင် တင်ပြ တင်ပြ အခြေအနေမှန်ကို သိရန်မလွယ်ကူပါကြောင်း၊ သို့ဖြစ်၍ အခွင့်အရေးရသည့်အချိန် တင်ပြကြစေလို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ရောက်ချိန်တွင် လည်း တင်ပြလိုသည်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုပါ ကြောင်း။

ယုံကြည်မှုရှိရန်မှာ အဓိကဖြစ်

မိမိတို့နိုင်ငံ၏တိုးတက်မှုသည် အဓိကအားဖြင့် အစိုးရ တာဝန်ယူထားသည့် ပုဂ်္ဂိုလ်များနှင့် ပြည်သူပြည် သားများကြား တွင် ယုံကြည်မှုရှိရန်မှာ အဓိကဖြစ်ပါကြောင်း၊ ပြည်သူပြည်သား များနှင့် အစိုးရတာဝန် ယူထားသည့် ပုဂ်္ဂိုလ်များအကြားတွင် ယုံကြည်မှုရှိပါက မိမိတို့လုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါ ကြောင်း၊ ယုံကြည်မှုမရှိပါက အောင်မြင်ရန်မှာ ခက်ပါကြောင်း။ မိမိတို့အနေဖြင့် ဆလုံတိုင်းရင်း သားများကို တိုးတက်ဖွံ့ဖြိုး စေလိုပါကြောင်း၊ ဆလုံတိုင်းရင်းသားများ၏ မိရိုးဖလာထုံးတမ်း အစဉ်အလာများကို စောင့်ရှောက်နိုင်သည့် အခွင့်အရေးများ ကိုလည်း ဖန်တီးပေးလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးအားလုံး သည် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထားရမည် ဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်း၏ ယဉ်ကျေးမှုတွင် တန်ဖိုးထားစရာများ ရှိပါ ကြောင်း၊ သို့သော်လည်း ခေတ်နှင့်အညီ တိုးတက်ရန်လိုပါ ကြောင်း၊ ယင်းအတွက် ယနေ့ဆွေးနွေးပွဲတွင် ဆလုံတိုင်းရင်း သားများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘဝများပိုမိုကောင်းမွန် လာရန်အတွက် မိမိတို့ကူညီပေးနိုင်ရန် ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ မိမိအနေဖြင့် တတ်နိုင်သမျှ လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း၊ မတတ်နိုင် သည့်ကိစ်္စများကိုလည်း လုပ်ဆောင်သင့်ပါက အနှေးနှင့်အမြန် လုပ်ဆောင်ပေးမည် ဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ မိမိတို့တစ်ယောက်နှင့် တစ်ယောက် ယုံယုံကြည်ကြည် ဆွေးနွေးနိုင် ရန်ဖြစ်ကြောင်း။

ကိုယ့်ကိုယ်ကိုယုံကြည်ရန်လို

မိမိတို့အနေဖြင့် ဆလုံတိုင်းရင်းသားများမှာ အင်မတန်မှ ခံနိုင်ရည်ရှိသည်ကို သိပါကြောင်း၊ သတ်္တိရှိသည်ကို သိပါ ကြောင်း၊ တစ်ခါတစ်ရံ အခြားတိုင်းရင်းသားများကို ကြည့်ပြီး သူတို့လောက် မတိုးတက်သေးဘူးဆိုသည့် အားငယ်စိတ် မရှိ စေလိုကြောင်း၊ လူတိုင်းလူတိုင်းတွင် အားသာချက် များရှိပါ ကြောင်း၊ အားနည်းချက်များလည်း ရှိပါကြောင်း၊ တချို့မှာ အမြင်တွင် ကိုယ့်ထက်ချမ်းသာ ကြွယ်ဝသည့်ပုံစံထွက်ပေါ်နေ သော်လည်း သူတို့တွင် ကိုယ်မမြင်ရသည့် အားနည်းချက်များ ရှိပါကြောင်း၊ သို့ဖြစ်၍ ကိုယ့်ကိုယ်ကိုယုံကြည်ရန်လိုပါကြောင်း၊ ဆလုံတိုင်းရင်းသားများ၏ ထိန်းသိမ်း သင့်သည့် ရိုးရာထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းကြစေလိုကြောင်း၊ သတ်္တိရှိရှိဖြင့် ဘဝကို ရင်ဆိုင်ကြစေလိုကြောင်း။

အရေးကြီးသည့်ကိစ်္စနှစ်ခုရှိပါကြောင်း၊ တစ်ခုမှာ ကျန်းမာ ရေးဖြစ်ပါကြောင်း၊ မိမိတို့ ဆလုံတိုင်းရင်း သားများအနေဖြင့် ကျန်းမာရေးဂရုစိုက်ရန်လိုပါကြောင်း၊ ကျန်းမာရေးကောင်းမှသာ ကိုယ့်အနာဂတ်ကို ရပ်တည်နိုင်မည်ဖြစ်ကြောင်း။

ဒုတိယအချက်မှာ ပညာရေးဖြစ်ပါကြောင်း၊ မိမိတို့ ဆလုံ လူငယ်များအား ပညာတတ်အောင်သင်ကြား ပေးရမည် ဖြစ်ပါ ကြောင်း၊ သို့မှသာ ဆက်လက်ပြီး ကောင်းမွန်သည့် ရိုးရာအစဉ် အလာများကို ထိန်း သိမ်းနိုင်မည့် အရည်အချင်းများရှိမည် ဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲပြီး တိုးတက်အောင် ဆောင်ရွက်နိုင်မည့် အရည်အချင်းများရှိမည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး လိုအပ် ချက်များရှိပါက ပြောကြား စေလိုကြောင်း၊ မိမိတို့ကျင့်သုံးနေသည့် ပညာရေးစနစ်သည် ဆလုံတိုင်း ရင်းသားများအတွက် သင့်တော်ချင်မှလည်း သင့်တော်မည်ဖြစ်ပါကြောင်း၊ မသင့်တော်ပါက ပြောင်းလဲသင့် သည်များကို ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာ ဆိုသည်မှာ ကျောင်းတွင် သင်ကြားသည့်ပညာမှသာ မဟုတ် ပါကြောင်း၊ ကိုယ့်ရိုးရာအရ တတ်မြောက်ထားသည့် လုပ်နိုင် ကိုင်နိုင်သည်ကလည်း ပညာဖြစ်ပါကြောင်း၊ ဆလုံတိုင်းရင်း သားများသည် ပင်လယ်နှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် ကျွမ်းကျင်မှု ရှိပါကြောင်း၊ ယင်းကျွမ်းကျင်မှုများကို ထိန်းသိမ်းထားရန်မှာ အရေးကြီးပါကြောင်း၊ ခြုံငုံပြောရလျှင် ပညာရှာသည်မှာ ရှိပြီးသား ရိုးရာအတတ်ကျွမ်းကျင်မှုများကို ထိန်းသိမ်းထား ရန်နှင့် အသစ်တတ်မြောက်ရမည့် ပညာများကို စုစည်းရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ရောက်ရှိနေသည့်အချိန်တွင် ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များနှင့် အခြား လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန် မေတ္တာ ရပ်ခံလိုကြောင်း ပြောကြားသည်။

ငါးဖမ်းလုပ်ငန်းများ အဆင်ပြေစေရန် တင်ပြ

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆလုံ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဒေသခံပြည်သူများက အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် ဆလုံတိုင်းရင်းသား အချို့ မူလမွေး ရပ်မြေ သို့ ပြန်လည်အခြေချနေထိုင်လိုသည့် အတွက် ဆောင်ရွက်ပေးနိုင်ရေး၊ တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းများ အဆင်ပြေစေရန် ငါးဖမ်းလှေများအား စည်းမျဉ်းသတ်မှတ် ၍ သတ်မှတ်ပိုက် များဖြင့် ရှာဖွေဖမ်းဆီးရန်အတွက် စိစစ် ဆောင်ရွက်ပေးရေး၊ ရေရှည်စားဝတ်နေရေးအတွက် လုပ်ငန်း များ ဖော်ဆောင်ပေးရေး၊ ဆရာဝန်နှင့် သူနာပြုလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆလုံတိုင်းရင်း သားများ နေထိုင်သည့် ပင်လယ်ပြင်ကျွန်း ၁၀ ကျွန်းအား လက်တွေ့ကွင်းဆင်းပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ကာရရှိလာသည့် တွေ့ရှိချက်များကို အခြေခံ၍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် အစီ အမံများ ဆောင်ရွက်ပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းများတွင် ဆလုံတိုင်းရင်းသားများ တိုက်ရိုက် အကျိုးခံစားနိုင်မည့် အစီ အမံများ ဆောင်ရွက်ပေးရေး၊ ဆလုံကျေးရွာပရဟိတလူငယ် အသင်းများ အား အသိအမှတ်ပြုပေးနိုင်ရေး၊ ဆလုံကျေးရွာ များတွင် ပြည်တွင်းခရီးသွားဧည့်သည်များ ညအိပ်ရပ်နား တည်းခိုခွင့် ခွင့်ပြုပေးနိုင်ရေး၊ ညောင်းဝှီးကျေးရွာအား ကျေးရွာ အမည်ပေါက်ရရှိရေးနှင့် ဆေးပေးခန်းရရှိရေး၊ တွဲဖက် အလယ်တန်းကျောင်းရရှိရေးနှင့် မကြုံဂလက်ကျေးရွာနှင့် ဆလုံကျေးရွာ များအတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေးတာဝါ တိုင်များ တည်ဆောက်ပေးနိုင်ရေးတို့ကို တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်က ဒေသခံများ စားဝတ်နေရေးဖူလုံမှုရှိ စေရန်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စနစ်တကျလေ့လာ ဆန်းစစ်၍ စီစဉ်ပေး မည်ဖြစ် ကြောင်း၊ ဆေးဝါးကုသနိုင်ရေး အတွက် အမြန်ဆုံး အလေးထားဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ဆလုံတိုင်းရင်းသားများနေထိုင်သည့် ကျွန်း ၁၀ ကျွန်း အတွက် ဝန်ကြီးဌာန ငါးခုမှစုဖွဲ့ပြီး ကွင်းဆင်းလေ့လာဆန်းစစ်ပြီး ရေရှည်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ချက်ချင်းဆောင်ရွက်ပေးမည့် အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

ဆလုံရိုးရာလှေငယ်ကို ဂါရဝပြုပေးအပ်

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်က မကြုံဂလက် (မော်ကင်း) ကျေးရွာ ဒေသခံပြည်သူများ အတွက် စားသောက် ဖွယ်ရာများကို ပေးအပ်ရာ ဒေသခံတာဝန်ရှိသူများက လက်ခံ ရယူပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်အား ဒေသထွက် လက်ဆောင်ပစ္စည်းများနှင့် ဆလုံရိုးရာလှေငယ်ကို ဂါရဝပြု ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် မကြုံဂလက်ကျေးရွာမှ ဆလုံတိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူများနှင့်လည်းကောင်း၊ မကြုံဂလက်ကျေးရွာ ပရဟိတလူငယ်များနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

ပင်လယ်ပြင်တွင် လှည့်လည်ကျက်စား

ဆလုံမျိုးနွယ်စုများသည် အစုအဖွဲ့အလိုက် နေထိုင်ကြပြီး ပင်လယ်ပျော်များဟုလည်း လူသိများ ကြောင်း၊ ““ဆလုံ””ထက် ““မော်ကင်း””ဟု အခေါ်ခံရခြင်းကို ပိုမိုနှစ်သက်ကြကြောင်း၊ အများအားဖြင့် မြိတ်ကျွန်းစုဒေသတွင် နေထိုင်ကြကာ ဆလုံ လူမျိုးသည် မြိတ်ကျွန်းစုဒေသ၏ အထင်ကရ အမှတ်အသား (Identity) တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏ ဓလေ့နှင့်နေထိုင် မှုတို့မှာ အခြားမျိုးနွယ် များနှင့် ကွဲပြားကြောင်း၊ ဆလုံလူမျိုး တို့သည် နေရာတစ်ခုတွင် အတည်တကျနေထိုင်ခြင်းမပြုဘဲ ပင်လယ်ပြင်တွင် လှည့်လည်ကျက်စားကြကြောင်း၊ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ပြီး ပင်လယ်ကြမ်းပြင် အထိ ရေငုပ် နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင် အကူအညီမပါဘဲ အချိန် အတော်ကြာနေနိုင်ကြောင်း၊ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ်လည်း အမည်တွင်ကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေးဘဲ ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းတို့ဖြင့် အသက်မွေးကြ ကြောင်း၊ ပေါ့ပါး သော သစ်လုံးများဖြင့် ထွင်းထားသည့် ကဘန်ခေါ် ဆလုံရိုးရာ လှေများကို အသုံးပြုကြကြောင်း၊ အသုံးအဆောင်များ၊ အစာ နှင့် ရေ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြကြောင်း။ ဆောင်းနှင့် နွေရာသီတို့တွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ်္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီ ရာသီဥတု ဆိုးရွားသည့်အခါ နီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေတိုင်ရှည်တဲ များဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်း နေထိုင် လေ့ ရှိကြောင်း သိရသည်။

ရောရောနှောနှော နေထိုင်လေ့မရှိ

ထို့ပြင် ဆလုံလူမျိုးတို့သည် ပင်လယ်ခရု၊ ကမာ(မုတ်)ကောင်များ၊ ငါးကြီးအန်ဖတ်၊ ပင်လယ် ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိကြောင်း၊ အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိကြောင်း၊ ၎င်းင်းတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထားထိန်းသိမ်းကြပြီး ကိုယ်ပိုင်ရိုးရာနတ်ကို ကိုးကွယ် ကြကြောင်း၊ ဆလုံဦးရေ စုစုပေါင်း ၃၀၀၀ ခန့်ရှိကြောင်း ခန့်မှန်း ရပြီး အုပ်စု ၁၀ စုဖြင့် နေထိုင်ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ၉ စုနှင့် ထိုင်းနိုင်ငံတွင် ၁ စု ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့်အဖွဲ့သည် မကြုံဂလက်ကျေးရွာမှ အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး ကော့သောင်းမြို့သို့ရောက်ရှိကြရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ သတင်းစဉ် ၁၅-၂-၂၀၁၉(မြန်မာ့အလင်း)