၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

နေပြည်တော် မတ် ၂၀

၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၂၀-၃-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး ညနေပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော် အဝင်လမ်းနှင့် စေတီတော်ပတ်လမ်းတစ်လျှောက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း ပါဝင် လှူဒါန်းခဲ့ပါသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတွင် ရဟန်းတော် ၂၅၅ ပါး၊ သာသနာနွယ်ဝင် သီလရှင် ဆရာကြီး ၁၄ ပါးတို့အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ ဇနီးများ၊ ဝန်ထမ်းများမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူဇော်ကြသည်။

၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲ၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လှူဒါန်းမှုပစ္စည်းများစီစဉ်ခြင်း၊ အလှူ မဏ္ဍပ်တည်ဆောက်ခင်းကျင်းစီစဉ်ခြင်း၊ ပရိသတ်များကို ကျွေးမွေးဧည့်ခံ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ပေးခဲ့ကြသော အရာထမ်း၊ အမှုထမ်းဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။