ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား ယမန်နေ့က ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် သဘာဝသယံဇာတများထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်ခြင်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် မြန်မာနိုင်ငံ Forest Law Enforcement, Governance and Trade, Voluntary Partnership Agreement (FLEGT - VPA) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးတို့အတွက် ဗြိတိန်နိုင်ငံ Department for International Development (DFID) ၏ အကူအညီဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်းသိရသည်။ သတင်းစဉ်