၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး နှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး နှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရ သည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် “Air Pollution” ဆောင်ပုဒ်ဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ လေထုညစ်ညမ်းမှုပမာဏ လျှော့ချနိုင်ရေးအတွက် နေ့စဉ်လူမှုဘဝတွင် မည်ကဲ့သို့ ပြောင်းလဲမှုများ ဆောင်ရွက်သင့်သည်ကို ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ရန် ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှတစ်ဆင့် တိုက်တွန်းထားပါသည်။ လေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုပမာဏကို လျှော့ချနိုင်မည့်အပြင် လူသားတို့၏ ကျန်းမာရေးအတွက်လည်း ကောင်းမွန်သော အကျိုးကျေးဇူးများရရှိစေမည် ဖြစ်ပါ သည်။

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုများသည် သဘာဝအရ အချင်းချင်းချိတ်ဆက် ဖြစ်ပေါ်လျက်ရှိပြီး လေထုညစ်ညမ်းမှုပြဿနာရပ်များအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ် မည်ဆိုပါက သက်ရှိများနှင့် ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းနိုင်ပါသည်။ လေထု ညစ်ညမ်း စေသည့် ပစ္စည်းများကို လျှော့ချနိုင်မည်ဆိုပါကလည်း လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာကြီးပူနွေး လာမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ပါသည်။

ယခုနှစ်ဆောင်ပုဒ်၏ တိုက်တွန်းနှိုးဆော်ချက်များကို ပြည်သူအများ သိရှိဆောင်ရွက်နိုင်ကြ စေရန်ရည်ရွယ်၍ “Clearing the Air, Combatting the Air Pollution” “ သန့်စင်သောလေ ရှုရှိုက်ဖို့၊ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် မိမိတို့ရေးသားတင်ပြလိုသည့် အချက်အလက် များ၊ သာဓကများပါဝင်သော အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးများကို အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

 (က)  အလွတ်တန်းဆောင်းပါး

          ၁။      မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

၂။       ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများ ဆုံး ၁၅ မျက်နှာအထိဖြစ်ရမည်။ (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ)

၃။      ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၄။      ကွန်ပျူတာစာလုံး Myanmar Unicode (Myanmar3/Pyidaungsu) စာလုံး အရွယ်အစား-၁၄ (Fontsize 14)၊ စာကြောင်းအကွာအဝေး ၁.၅ ( line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်ဖြစ်ပါသည်။

၅။      ပြိုင်ပွဲဝင်၏ အလွတ်တန်းဆောင်းပါးသည် အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော ဆောင်းပါးမူရင်းဖြစ်ရမည်။

၆။      ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါးများအား ပြန်လည်ပေးပို့မည်မဟုတ်ပါ။

၇။      ပြိုင်ပွဲဝင်၏ ဆောင်းပါးသည် ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့်  ကိုယ်ရေးအချက်အလက်အကျဉ်း တို့ကို ဆောင်းပါးနှင့်အတူ ပေးပို့ရမည်ဖြစ်သည်။

၈။      ပြိုင်ပွဲဝင်စည်းကမ်းနှင့် မညီညွတ်သောစာမူများအား ပယ်ချသွားမည်ဖြစ်ပါသည်။

၉။      ပြိုင်ပွဲဝင် ဆောင်းပါးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင် အသုံးပြုခွင့်ပေးရပါမည်။

(ခ)    စာစီစာကုံး

          ၁။      မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

၂။       ပြိုင်ပွဲဝင်စာစီစာကုံးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိဖြစ်ရမည်။ (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ)

၃။      ပြိုင်ပွဲဝင်များသည် သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၄။      ကွန်ပျူတာစာလုံး Myanmar Unicode (Myanmar3/Pyidaungsu) စာလုံး အရွယ်အစား-၁၄ (Fontsize 14)၊ စာကြောင်းအကွာအဝေး ၁.၅ ( line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရန်ဖြစ်ပါသည်။

၅။      ပြိုင်ပွဲဝင်၏ စာစီစာကုံးသည် အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရမည်။

၆။      ဆုရွေးချယ်ခံရခြင်းမရှိသော စာစီစာကုံးများအား ပြန်လည်ပေးပို့မည်မဟုတ်ပါ။

၇။      ပြိုင်ပွဲဝင်၏ စာစီစာကုံးသည် ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့်  ကိုယ်ရေးအချက်အလက်အကျဉ်း တို့ကို ဆောင်းပါးနှင့်အတူ ပေးပို့ရမည်ဖြစ်သည်။

၈။      ပြိုင်ပွဲဝင်စည်းကမ်းနှင့် မညီညွတ်သောစာမူများအား ပယ်ချသွားမည်ဖြစ်ပါသည်။

၉။      ပြိုင်ပွဲဝင် စာစီစာကုံးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင် အသုံးပြုခွင့်ပေးရပါမည်။

        ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးအတွက် စာမူ (Hard/Soft-copy) တစ်စုံစီ၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅'' x ၂''ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်-၅၃၊ နေပြည်တော်၊ (တယ်လီဖုန်း အမှတ်၊ ၀၆၇-၄၃၁၃၂၉ ၊၀၆၇-၄၃၁၄၉၇၊ ဖက်စ်အမှတ် ၀၆၇-၄၃၁၃၂၉၊ အီးမေးလ် hr.env.ecd@gmail.com သို့ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်(သောကြာနေ့) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ (သတ်မှတ်ရက် ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံသော  ဆောင်းပါးများ၊ စာစီစာကုံး များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)

            ဆုရရှိသူများစာရင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန Website နှင့် Facebook Page များတွင် ကြေငြာသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်တန်စွာဆုချီးမြှင့်မည် ဖြစ်ပါသည်။

 

                                                                                                                                                                                     ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန