ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁၆.၈.၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် (၁၆.၈.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မင်းဝံတောင်ဘေးမဲ့ ကာကွယ်တောအတွင်း တောင်ဖီလာကျောင်းတိုက်အနီး တောင်စောင်းများတစ်လျှောက် ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဉီးစီးဌာနမှ စမ်းသပ်စိုက်ပျိုးထားသည့် ဗာတီဗာမြက်စိုက်ခင်းအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာအနီး၊ မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ကြားခံနယ်မြေအတွင်း Golden Hook Manufacturing ကုမ္ပဏီမှ စိုက်ပျိုးတည်ထောင်ထားသော နံသာဖြူစိုက်ခင်းသို့ ရောက်ရှိခဲ့ရာကုမ္ပဏီတာဝန်ရှိသူများမှ စိုက်ခင်းရှင်းလင်းဆောင်၌ နံသာနီ၊ နံသာဖြူအပင်များပျိုးထောင်ထားရှိမှုနှင့်  စပရူလိုင်းနာစိမ်းပြာရေညှိ မွေးမြူထုတ်လုပ်နိုင်သည့် အခြေအနေများအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဉီးစီးဌာနမှ မင်းဝံတောင် ဘေးမဲ့ကာကွယ်တောအတွင်း မြေအသုံးချမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ပြီး မင်းဝံတောင်ဘေးမဲ့ကာကွယ်တော မြေအသုံးချမှုများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများအား လမ်းညွှန်မှာကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ မြတ်နိုးသူကုမ္ပဏီ၏ အထပ်သားနှင့် သစ်အချောထည်ထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူများမှ စက်ရုံဆိုင်ရာ အချက်အလက်များ၊ သစ်ပါးလွှာနှင့် အထပ်သား၊ သစ်အချောထည်နှင့် လက်ယှက်ထိုးပျဉ်များ (Finger Joint Board) ထုတ်လုပ်နိုင်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ ဝန်ထမ်းများလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အဆင်ပြေစေရေးဆောင်ရွက်ပေးထားမှုများအား စက်ရုံအစည်းအဝေးခန်းမတွင် ရှင်းလင်တင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှု့လေ့လာခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ ပတ္တမြားစက်မှုဇုန်အတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးဖောင်ဖွဲ့ရေးဒေသ၊ မြရတနာသစ်ဆိပ်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ သစ်ဆိပ်နောက်ခံသမိုင်းကြောင်း၊ သစ်ဆိပ်လက်ကျန် သစ်လုံးများ၊ လေလံတင်ရောင်းချရန် လပ်ပုံထိုင်ပြီးစီးမှု၊ ၂၀၁၉-၂၀၂၀အင်း သစ်လုံးလက်ခံ သိုလှောင်သိမ်းဆည်း သယ်ပို့ရောင်းချမည့် အစီအစဉ်များနှင့် သစ်ဆိပ်မီးဘေးကာကွယ်ရေးဆောင်ရွက်ထား ရှိမှုများအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်းနှင့် ၆၄ လမ်းထောင့်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံးဝင်းအတွင်းဖွင့်လှစ်ထားရှိသော ကျောက်မျက်အချောထည်များစုပေါင်း စစ်ဆေးရေးစခန်း (One Stop Service) သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ကျောက်မျက်အချောထည်များအား တန်ဘိုးဖြတ်အဖွဲ့မှ တန်ဘိုးဖြတ်ခြင်း၊ အခွန်ဆောင်ခြင်း၊ သယ်ယူခွင့်ထုတ်ပေးခြင်း၊ စာရင်းဇယားများ စနစ်တကျရေးသွင်းခြင်း ဆောင်ရွက်မှုလုပ်ငန်း အဆင့်ဆင့်အား လက်တွေ့ရှင်းလင်းတင်ပြမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး အဆိုပါစခန်းရုံးဝင်းအတွင်း ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးအတွက် မြေနေရာရရှိနိုင်မည့်အခြေအနေအား မြေပုံများနှင့်တကွ တင်ပြဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။