သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားသော(2019 Novel Coronavirus) ကြောင့် ဖြစ်ပွားသောရောဂါနှင့် ပတ်သက်၍ အသိပေးဆွေးနွေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၁၁-၂-၂၀၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဝူဟန်မြို့မှစတင်ဖြစ်ပွားသော(2019 Novel Coronavirus)ကြောင့် ဖြစ်ပွားသောရောဂါနှင့်ပတ်သက်၍ အသိပေးဆွေးနွေးဟောပြောပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ လည်းကောင်း၊ သတ္တုရေးရာ သီရိရတနာခန်းမ၌လည်းကောင်း ယနေ့ မွန်းလွဲပိုင်းက  အသီးသီးပြုလုပ်ခဲ့သည်။

အဆိုပါအသိပေးဆွေးနွေးဟောပြောပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က 2019 Novel Coronavirus ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါက္ခဏာများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာဆင့်ပွား ဖြန့်ဝေနိုင်ရန်တို့ကို အသိပေး ဆွေးနွေးဟောပြောခဲ့သည်။

ဆွေးနွေးဟောပြောပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာမှ ဝန်ထမ်း(၂၅၀)ဦး၊ သတ္တုရေးရာမှ ဝန်ထမ်း (၅၃၂)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။