သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား The World Bank မှ Senior Environmental Specialist ဖြစ်သူ Mr. Surhid Gautam ဦးဆောင်သောအဖွဲ့နှင့် Asian Development Bank (ADB) မှ Mr. Robert Everitt ဦးဆောင်သောအဖွဲ့တို့မှ လ

(နေပြည်တော်၊ ၃၀-၃-၂၀၁၇)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် The World Bank မှ Senior Environmental Specialist ဖြစ်သူ Mr. Surhid Gautam ဦးဆောင်သောအဖွဲ့နှင့် Asian Development Bank (ADB) မှ Mr. Robert Everitt ဦးဆောင် သောအဖွဲ့တို့အား ယနေ့ ၃၀-၃-၂၀၁၇ ရက်နေ့၊ (၁၁:၄၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း တို့တက်ရောက်ခဲ့ကြပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးကာကွယ် စောင့်ရှောက်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းကျောင်း (Environmental and Social Safeguards Learning Centre) ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် နည်းပညာနှင့် ရန်ပုံငွေများ ကူညီပံ့ပိုးပေးနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။ အဆိုပါသင်တန်းကျောင်းသည် အစိုးရဝန်ထမ်းများအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အခြားပတ်သက်သူများအား ပတ်ဝန်းကျင်နှင့် လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။