သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား UNDP မှ UNDP Administrator ဖြစ်သူ Mr. Achim Steiner နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

(နေပြည်တော်၊ ၈-၈-၂၀၁၇)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် UNDP မှ UNDP Administrator  ဖြစ်သူ Mr. Achim Steiner နှင့်အဖွဲ့ ယနေ့ ၈-၈-၂၀၁၇ ရက်နေ့၊ (၁၃:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး နှင့်သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တို့ တက်ရောက်ကြသည်။

UNDP မှ UNDP Administrator & UN Development Group Chair ဖြစ်သူ    Mr. Achim Steiner ၊ UN Resident Coordinator/Humanitarian Coordinator ဖြစ်သူ   Ms. Renata Dessallien ၊ Environmental Governance and Disaster Resilience မှ Team Leader ဖြစ်သူ ဒေါ်လတ်လတ်အေး ၊ UNDP HQ မှ Regional Bureau for Asia Pacific ဖြစ်သူ Ms. Vongvieng Saensathit နှင့်  Head of Development Coordination Unit မှ Resident Coordinator Office ဖြစ်သူ Mr. Pablo Barrera တို့တက်ရောက်ကြသည်Hဥ။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် UNDP နှင့်ပူးပေါင်း၍ ပတ်ဝန်းကျင်၊ သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍတို့၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ အခြေအနေနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ သစ်တောပြန်လည်တည်ထောင်ရေး (၁၀) နှစ် စီမံကိန်းနှင့် အမြဲတမ်းသစ်တောနယ်မြေဧရိယာကို လျာထားချက်အတိုင်းဖွဲ့စည်းသတ်မှတ်နိုင်ရေး အကောင်အထည်ဖော်သည့်လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (SDGs) ရရှိရေး ဦးတည်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု၊ အစိမ်းရောင်စီးပွားရေး၊ အမှိုက်စီမံခန့်ခွဲမှု မူဝါဒများ၊ မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက်များရေးဆွဲပြုစုပြီးစီးမှုအခြေအနေနှင့်အကောင်အထည်ဖော်မည့်လုပ်ငန်းများ၊UNDP မှ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။