၂၀၁၇ ခုနှစ်၊ ဧကဒသမ အကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၈)တွင် ကျင်းပသည့် သတင်း

နေပြည်တော် ၂၄-၁၀-၂၀၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်း မိသားစုတို့၏ ဧကဒသမ အကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၀၅:၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈)၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် လယ်ဝေးမြို့၊ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ကြီး၏ ဦးစီး ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အရှင်သူမြတ်များထံမှ ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ငါးပါးသီလခံယူ ဆောက်တည်ကြပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် (သတ္တု)နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် များနှင့်ဇနီး၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီး၊ ပါမောက္ခချုပ်၊ ဝန်ထမ်းမိသားစုများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြည်ညိုကြပြီး ကထိန်သင်္ကန်းနှင့်တကွ လှူဘွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။

ပေါက်မြိုင် ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်များထံမှ ကထိန်အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိ ပါသည်။ (သတင်းစဉ်)