ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် လှူဒါန်း

နေပြည်တော် ၁၅-၁၁-၂၀၁၇

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီတို့သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD- Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၊ သစ်အခြေခံပရိဘောဂအသင်း၊ သစ်အခြေခံ အနုပညာအသင်း၊ ကြိမ်နှင့်ဝါးလုပ်ငန်းများ အသင်းတို့က လှူဒါန်းငွေကျပ် ၂၁၉၆၁၀၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ သွားရောက်ပေးအပ် လှူဒါန်ရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။