ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အိုင်အိုဒင်းဆားကြိတ်စက်များ၊ သစ်တောစိုက်ခင်းများ၊ ဝါးစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ နယ်၊ ရန်ကင်းတောင်ရပ်၊ ကမ်းနားလမ်း ရှိ နေမင်း အိုင်အိုဒင်းဆားကြိတ်စက်သို့ သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများမှ ဆားကြမ်းမှ အိုင်အိုဒင်းဆားချောထုတ်လုပ်နေမှု အဆင့်ဆင့် အား လက်တွေ့ ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စု ဝန်ကြီးမှ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ပြီး အများပြည်သူကျန်းမာရေးအတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကုလားစု၊ အမှတ်(၉) ရပ်ကွက်ရှိ ရွှေပြည်တန် အိုင်အိုဒင်းဆားကြိတ်စက်အား သွားရောက်လေ့လာခဲ့ရာ စက်ရုံတာဝန် ရှိသူမှ ဆားကြမ်းများ အဆင့်ဆင့်ဆေးကြောသန့်စင်ခြင်း၊ အိုင်အိုဒင်းဆားချောထုတ်လုပ်ခြင်း များအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ စျေးကွက်အတွင်းသို့ တင်ပို့ရောင်းချနိုင်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် စက်ရုံရေရှည်လည်ပတ်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ဖြန့်ဖြူး ပေးနိုင်မှု တို့နှင့်စပ်လျဉ်း၍ သိလိုသည်များအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပုသိမ်-ငွေဆောင်ကားလမ်း မိုင်တိုင်အမှတ် (၁၇/၀)အနီး သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် (၂၇)အတွင်း စိုက်ပျိုးတည်ထောင်ထားသော ၁/၂၀၁၈ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း (၃၅၀) ဧက သို့ ရောက်ရှိစစ်ဆေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအောင်မြင်ရေးအတွက် လိုအပ် သည်များကို နိုင်ငံတော်မှ ပံ့ပိုးဖြည့်ဆည်းပေးထားပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူး အဆင့်အလိုက် စနစ်တကျ ကြည့်ကြပ်စစ်ဆေးရန်လိုအပ်ကြောင်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်များအတိုင်း လိုက်နာရန်လိုအပ်ကြောင်း၊ စိုက်ခင်းအတွင်း မြေဆီလွှာတိုက်စားမှုမှ ကာ ကွယ်ရန် နှုန်းတားဆည်များ အမြန်ဆုံးပြုလုပ်ရန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ သစ်တောများ ပြန် လည်တည်ထောင်ရေးစီမံကိန်း၊ အမြဲတမ်းစခန်းရုံးသို့ရောက်ရှိ စစ်ဆေးခဲ့ရာ ရှင်းလင်းဆောင် တွင် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသ ကြီးအနေဖြင့် ဒီရေတောစိုက်ခင်းများ နှစ်စဉ်လျှာထားချက်ပြည့်မီရှင်သန်အောင်မြင်အောင် စိုက်ပျိုးတည်ထောင်ရန်၊ ယခုနှစ်မိုးရာသီအတွင်း ဝါးစိုက်ခင်းများအား မြို့နယ်အလိုက် စိုက်ပျိုး တည်ထောင်သွားရန်၊ တောဆင်ရိုင်းများသတ်ဖြတ်ခံနေရမှုအပေါ် ဒေသခံပြည်သူလူထု၊ အုပ် ချုပ်ရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အတူပူးဆောင်ရွက်မည့် အစီအမံများရေးဆွဲပြီး အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်-ငွေဆောင်ကားလမ်း၊ မိုင်တိုင်အ မှတ် (၁၉/၀)အနီး ပုသိမ်သစ်ထုတ်ရေးဒေသ၊ ငွေဆောင်ဆင်စခန်းသို့ရောက်ရှိ စစ်ဆေးခဲရာ တာဝန်ရှိသူများမှ ဆင်စခန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်း တင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းနှင့်ယှဉ်တွဲလျှက်ရှိသော ဆင် စခန်းများအနေဖြင့် မိုးရာသီတွင် ဧည့်သည်များဝင်ရောက်မှုနည်းပါးလာသည်ကို စိစစ်တွေ့ ရှိရပါကြောင်း၊ မိုးတွင်းကာလတွင် ဆင်စခန်းအတွင်းရှိ ဝန်ထမ်းများအတွက် ဌာနမှတတ် နိုင်သမျှ ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ ဆင်စခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ပြုပြင်ထိန်း သိမ်းရေး စသည့်လုပ်ငန်းများအတွက် ဘဏ္ဍာငွေသုံးစွဲခွင့်ရရှိရေး ကြိုတင်ညှိနှိုင်းဆောင်ရွက် ထားရန်လိုအပ် ကြောင်းဆွေးနွေးမှာကြားခဲ့ပြီး စခန်းအတွင်းရှိ ဆင်များအား ကြည့်ရှု့စစ်ဆေး ခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဥယျာဉ်ကုန်း သစ်ဆိပ်သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ၂၀၁၈-၂၀၁၉ သစ်ထုတ်လုပ်မည့်အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့်နှစ်များ အတွင်း ထုတ်လုပ်နိုင်မည့် သစ်တန်ပမာဏနှင့်စပ်လျဉ်း၍ သစ်မျိုးအလိုက် ပင်ထောင်တည်ရှိမှု ကို သစ်တောဦးစီးဌာနနှင့်အတူကွင်းဆင်းစစ်ဆေးရန်နှင့် ရရှိလာသည့် အချက်အလက်များ အပေါ်မူတည်၍ ထုတ်လုပ်မည့်တန်ပမာဏကို သစ်တော/သစ်လုပ်ငန်း ညှိနှိုင်းတင်ပြရန်မှာကြား ခဲ့ပြီး သစ်ဆိပ်အတွင်း လပ်ပုံထိုင် လေလံတင်ရောင်းချထားသည့် သစ်လုံးများအားကြည့်ရှု့စစ် ဆေးခဲ့သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် သစ်ဆိပ်ဧရိယာအတွင်း စိုက်ပျိုးတည်ထောင် ထားသော ဝါးစိုက်ခင်း (၁)ဧက အားကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ခဲ့သည်။