ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အပူပိုင်းဒေသ သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၃ 
 
 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁.၉.၂၀၁၈)နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံ ဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်-ကံပြား-မကွေး ကားလမ်း၊ မိုင်တိုင်အမှတ် (၃၆)အနီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်ကြိုးဝိုင်း၊ အကွက်အမှတ်(၅)အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စမ်းသပ်စိုက်ခင်း တစ်ခုဖြစ်သည့်  ယခုနှစ်မိုးရာသီအတွင်း စက်ယန္တရား အသုံးပြု၍ ကျင်းတူး စိုက်ပျိုးထားသော  စိုက်ခင်းအမှတ် (၂/၂၀၁၈) အခြားစိုက်ခင်း (၂၀)ဧကသို့ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ စိုက်ခင်းအတွင်း ရှား၊ စစ်၊ ကျွန်း နှင့် လျှော်ဖြူ သစ်မျိုး(၄)မျိုး ရောနှော စိုက်ပျိုးထားသည့် ပုံစံ အားရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ခင်းအောင်မြင်နေမှုများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ခင်းအတွင်း သီးသန့် စမ်းသပ်စိုက်ပျိုး ထားသော အာကေးရှား စပ်မျိုး (Acacia Hybrid) အပင်များအားလည်းကြည့်ရှု့စစ်ဆေးခဲ့ပြီး စမ်းသပ် စိုက်ခင်းတစ်ခုလုံး၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးပြီး ရှေ့ ဆက် ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်ကြိုးဝိုင်း၊ အကွက်အမှတ် (၅) အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၇ ခုနှစ် မိုးရာသီတွင် စမ်းသပ် စိုက် ပျိုးထားသည့် အာကေးရှား စပ်မျိုး (Acacia Hybrid) စမ်းသပ်စိုက်ကွက်သို့ ရောက်ရှိ စစ်ဆေး ခဲ့ရာ တာဝန်ရှိသူများမှ စမ်းသပ်စိုက်ကွက် မှတ်တမ်းများနှင့်အတူ ရှင်းလင်းတင်ပြခဲ့ရာ ပြည် ထောင်စုဝန်ကြီးမှ စမ်းသပ်ကွက်ဖြစ်သဖြင့် သစ်ပင်များရှင်သန်မှုနှုန်းနှင့် ကြီးထွားမှုနှုန်းများ အပြင် ရောဂါပိုးကျရောက်ခြင်း၊ အပင်များ ပျက်စီးရခြင်းအကြောင်းအရင်းများကိုပါ မှတ်တမ်း တင်ထားရှိရန် လိုအပ်ကြောင်း၊ ဒါမှသာ စမ်းသပ်စိုက်ကွက်မှအတွေ့အကြုံများကို စီးပွားဖြစ် စိုက်ပျိုးရေးဆောင်ရွက်ရာတွင် အသုံးချနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက သစ်တောသုတေသန ဌာနနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့သစ်ကြိုးဝိုင်း၊ အကွက်အမှတ် (၅)အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ၂၀၁၇ ခုနှစ်၊ ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်း ဧက (၁၅၀) အတွင်း Group Planting နည်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးထားသော စိုက်ကွက် အား ကြည့်ရှု့စစ်ဆေးခဲ့ရာ အချို့သော သစ်မျိုးများ၏ မြေကြီးအတွင်းပိုင်းရှိ အမြစ်များ ခြ ကိုက်သဖြင့် ပျက်စီးသည်ကို တွေ့ရှိရသဖြင့် စမ်းသပ်ပျိုးသည့် သစ်မျိုးအလိုက် ရှင်သန်မှုနှုန်း အား စနစ်တကျ မှတ်တမ်းတင် စောင့်ကြည့်လေ့လာရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ နေပြည်တော်-ကံပြား-မကွေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၈)အနီး  ငမင်ကြိုးဝိုင်း၊ အကွက် အမှတ် (၂၁၇) အတွင်း သစ်တောဦးစီးဌာနမှ ၂၀၁၇ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင် ထားရှိသော (၁/၂၀၁၇) စီးပွားရေးကျွန်းစိုက်ခင်း (၂၅၀)ဧက ရှင်သန်အောင်မြင်မှုများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ခင်းပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား လုပ်ငန်းရာသီအချိန်အခါ အလိုက် စနစ်တကျ ကြီးဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ နေပြည် တော်-ကံပြား-မကွေးကားလမ်း၊ မိုင်တိုင်အမှတ် (၂၆/၆)နှင့် (၂၈/၂)ကြား သစ်တောဦးစီးဌာနမှ ၂၀၁၇ ခုနှစ် မိုးရာသီတွင် ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၈)နှင့် (၂၁၆) အတွင်း စိုက်ပျိုး တည်ထောင်ထားရှိသည့် တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ငမင်သစ်မျိုးစုံစိုက်ခင်း (၁၀၀)ဧက ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ သစ်မျိုး (၃၃) မျိုး၏ စိုက်ကွက်တစ်ခုခြင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖာထေးထားစိုက်ပျိုးထားသည့် အပင်များ၏ ရှင်သန်မှုအခြေအနေအားလည်းကောင်း၊ မြေအမျိုးအစားအလိုက် မြေဆီလွှာအဆင့်အတန်းတိုးတက် ကောင်းမွန်စေရေး ဆောင်ရွက်ပေး ရမည့် အခြေအနေအားလည်းကောင်း၊ ရောဂါပိုးကျရောက်မှုမှ ကာကွယ်ရန်နှင့် ရောဂါပိုး ကျရောက်ပါက ဆောင်ရွက်ရမည့် အခြေအနေများအားလည်းကောင်း သစ်တောသုတေသနဌာန မှ တာဝန်ရှိသူများနှင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စိုက်ခင်းတာဝန်ရှိသူများမှ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် သုတေသနဆောင်ရွက်မည့်အစီအစဉ်များအား စိုက်ခင်းရှင်း လင်းဆောင်တွင် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ဆွေး နွေးမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-မကွေး(ကံပြားလမ်း) မိုင်တိုင်အမှတ် (၃/၀) အနီး ၂၀၁၆ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်ခဲ့သည့် နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး စိုက်ခင်းအတွင်း သေပင်များ ပြန်လည်ဖာထေးစိုက်ပျိုးရန်၊ ပေါင်းရှင်းခြင်းနှင့် မြေဆွခြင်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးသည် (၂.၉.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစာကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် ဦးစီးဌာန အနေဖြင့် ဒေသ စိမ်းလန်းစိုပြည်စေရေးနှင့်  အပူပိုင်းဒေသရှိ ဒေသခံပြည်သူများ ရေ နှင့် ထင်း အစားထိုးလောင်စာများ ပံ့ပိုးပေးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရှိပြီး သား သဘောဝတောများအား ထိန်းသိမ်းကာကွယ်ခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်သလို စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံများအတွက် အခြေခံ ထင်းလောင်စာရရှိရေး အတွက်လည်း သစ်တောစိုက်ခင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒါကြောင့် ဌာနလုပ်ငန်း များအနေဖြင့် ဒေသလိုအပ်ချက်များ ဆောင်ရွက်နေသော်လည်း ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ် နေသည့် ရာသီဥတုပြောင်းလဲမှု လျှော့ပါသက်သာစေရေး လုပ်ငန်းများအတွက်ပါ ဆောင်ရွက် နေခြင်း ဖြစ်သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့် အညီ ပြောင်းလဲဆောင်ရွက်နေမှုများအပေါ် လိုက်ပါဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း ရန်ပုံငွေများနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှု၊ တာဝန်ရှိမှု အပြည့်ဖြင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိဌာနအား နိုင်ငံတွင် ဖြစ်ပေါ်လျှက်ရှိသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိခိုက်မှုများတတ်နိုင်သမျှ လျှော့ချရန်အတွက်  ရေဝေရေလဲနှင့် မြေဆီလွှာထိန်းသိမ်းရေးဦးစီးဌာန Watershed and Soil Conservation Department) အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အရည် အချင်းနှင့်သင်လျှော်သော အခွင့်အလန်းများ ရရှိလာမှာဖြစ်ကြောင်း၊ ပြည်သူ အကျိုးပြုလုပ် ငန်းများကို စိတ်ရင်းစေတနာကောင်းဖြင့် ဂုဏ်ယူတဲ့စိတ်ဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်း ကြောင်းပြောကြားခဲ့သည်။

ထို့နောက်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနလက်အောက်ရှိ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ တိုင်းတာဝန်ခံ ညွှန်ကြားရေး မှူးများမှ လုပ်ငန်းဆောင်ရွက်မှုအခြေများအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လို အပ်သည်များအား ဆွေးနွေးမှာကြားခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ ပါသည်။ သတင်းစဉ်