သတင်းများ

မြိတ် ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းသို့ရောက်ရှိကြသည်။

နေပြည်တော် ဖေဖော်ဝါရီ ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဖေဖော်ဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ သစ်တောဦးစီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနသို့ အလှည့်ကျပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများအား တွေ့ဆုံ မှာကြားသည်။

နေပြည်တော် ဖေဖေါ်ဝါရီ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၉.၂.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် မန်းချောင်း ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု အပန်းဖြေ ဆင်စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

နည်းပညာဆိုင်ရာလိုအပ်ချက်ဆန်းစစ်ခြင်း (Technology Needs Assessment-TNA) စီမံကိန်းအတွက် အမျိုးသားအကြံပေး (၂)ဦး ခေါ်ယူလိုပါသည်။

တောင်ကြီး၊ ဖေဖော်ဝါရီ ၂
ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ညောင်ရွှေ မြို့နယ်၊ ဟူပင်ခေါင်တိုင် ဟိုတယ် အင်းလေးကန်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကားပြောကြားသည်။

နေပြည်တော် ဖေဖေါ်ဝါရီ ၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၂.၁.၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ဌာနမှတာဝန်ရှိသူများနှင့်တူ ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ လိုင်ဟာမြားဒေသရှိ ပတ္တမြားနဂါးသတ္တု တူးဖော်ရေးကုမ္ပဏီ၏ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ခနောက်စိမ်း တူးဖော်ထုတ်လုပ်လျှက်ရှိသည့် လိုင်ဟာမြှားအမှတ်(၅) သတ္တုလုပ်ကွက်သို့ ရောက်ရှိခဲ့ရာ ရှေးဦး စွာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှတာဝန်ရှိသူများမှ သတ္တုလုပ်ကွက်ဆိုင်ရာ အချက်အလက် များ၊ မြေအောက်မိုင်းအတွင်းတူးဖော်ထုတ်လုပ်နေသည့် အခြေအနေများ၊ သတ္တုရိုင်းအား ဆင့် တက်ပြုပြင်ဆောင်ရွက်ခြင်း တို့အားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဆင့်တက် ပြုပြင်ခြင်းလုပ်ငန်းစဉ်မှ သတ္တုသားပြန်ရနှုန်း အနည်း/အများ ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အားသာချက်/အားနည်းချက်များကိုစနစ်တကျလေ့လာခြင်း၊ စျေးကွက်တွင်ဖြစ်ပေါ်နေသည့် ဝယ်လိုအားကို ဆန်းစစ်လေ့လာခြင်းများဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တူးဖော်ထုတ်လုပ်ထားသည့် ခနောက်စိမ်းသတ္တုရိုင်းပါမြေစာများ စုပုံထားရှိမှု၊ မိုင်းအတွင်း တူးဖော်ထုတ်လုပ်နေမှုနှင့် စက်ရုံအတွင်း အမြှပ်ဖော်စနစ်ဖြင့် လည်းကောင်း၊ အပူပေးစနစ်ဖြင့်လည်းကောင်း သတ္တုသားပါဝင်မှု ဆင့်တက်ပြုပြင်ခြင်း ဆောင် ရွက်လျက်ရှိသည့် နည်းစနစ်များအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၂၀၁၈ မြန်မာ့သတ္တုတွင်း နည်း ဥပဒေအညီ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော်၊ ၃၁-၁-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H. E. Mr. Kristian Schmidt ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ ၃၁-၁-၂၀၁၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦး တို့ တက်ရောက်ကြသည်။

နေပြည်တော် ဇန်နဝါရီ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အာရှ-ပစိဖိတ် ဒေသ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၏ တတိယအကြိမ်မြောက်ညီလာခံသို့ တက် ရောက် ခဲ့သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၃၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် တာဝန်ခံများလိုက်ပါလျှက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနက ဆောင်ရွက်လျှက်ရှိသည့် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းကိုကြည့်ရှုစစ် ဆေးသည်။

မြေတိုင်းဦးစီးဌာနမှ ရေးဆွဲပုံနှိပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြန်မာပြည်၏ ပြည်နယ်နှင့် တိုင်းဒေသကြီးမြေပုံစာအုပ်(Atlas)ကို ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီ (၁) ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ၍ စိတ်ဝင်စားသူ ပြည်တွင်းကုမ္ပဏီ၊ လုပ်ငန်းများ အနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်ခြင်း

Pages