သတင်းများ

နေပြည်တော် ဧပြီ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား သြစတြေးလျ နိုင်ငံအခြေစိုက် FOUR PAWS International ၏ Country Director , Ms. Marina Ivanova ၊ Senior Project Manager , Mr. Mahdi Quatrameez တို့သည် (၁၀-၄-၂၀၁၉) ယနေ့ နံနက် ၉ နာရီခွဲ တွင်ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော်၊ ဧပြီ ၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဧပြီလ ၇ ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင် ကြိုးပြင် ကာကွယ်တော အကွက်အမှတ် (၂၀) အတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးတည်ထောင် ဆောင်ရွက်လျက် ရှိသည့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်း(၅၀) ဧက၊ ၁/၂၀၁၈ စီပွားရေးကျွန်းစိုက်ခင်း (၅၀) ဧက တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၁/၂၀၁၉ စီးပွားရေးကျွန်း စိုက်ခင်း (၅၀) ဧက၏ စိုက်ခင်းအကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ဧပြီ ၆ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်မှ တာချီလိတ်မြို့သို့ ရောက်ရှိသည်။ တာချီလိတ်မြို့အတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ကျရောက်ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပ ပြုလုပ် ကြောင်းသိရသည်။

နေပြည်တော်၊ ၄−၄−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောကဏ္ဍ) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၌ (၄−၄−၂၀၁၉) ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

နေပြည်တော် ဧပြီ ၃
သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဩစတြေးလျ နိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာအား ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ဧပြီ ၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား ယမန်နေ့က ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေး သည်။

နေပြည်တော် မတ် ၂၀
၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၂၀-၃-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး ညနေပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော် အဝင်လမ်းနှင့် စေတီတော်ပတ်လမ်းတစ်လျှောက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း ပါဝင် လှူဒါန်းခဲ့ပါသည်။

နေပြည်တော် မတ် ၂၁
တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဝန်ကြီးများအဆင့် အထူးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ကြသည်။

နေပြည်တော် မတ် ၂၁
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော် ရေဆင်းရှိ သစ်တော သုတေသနဌာန၌ ကျင်းပသည်။ အခမ်းအနားတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယနေ့ ကမ္ဘာ့ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံရလျက် ရှိပါကြောင်း၊

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ တွေ့ရှိရနိုင်မှု၊ ကျက်စား နေထိုင်မှု၊
ပျံ့နှံ့ကျက်စားမှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကင်မရာထောင်ချောက် ၆၀ လုံးတပ်ဆင်ခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ ကျားမှတ်တမ်းဓါတ်ပုံများ ရရှိခဲ့ပါသည်။

Pages