တည်နေရာ
- စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်။
အကျယ်အဝန်း
- ၆၁၆.၈၄၃ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန်-မုံရွာ (လေယဉ်ဖြင့် ၁ နာရီ)၊ မုံရွာ - ယင်းမာပင် (ကားဖြင့် ၆၀ မိုင်)။
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- အလောင်းတော်ရှင်မဟာကဿပမထေရ်မြတ် ကိန်းဝပ်တော်မူရာ နေရာဒေသသို့ ဖူးမျှော်နိုင်ခြင်း၊
- ပျက်စီးမှုအနည်းဆုံး အခြေအနေတွင်ရှိသည့် သစ်တော အမျိုးအစား များစွာကို ကွင်းဆင်းလေ့လာနိုင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊
- ကုန်းတွင်းပိုင်း ဌာနေငှက်မျိုးစိတ်များကို လေ့လာကြည့်ရှုနိုင်ခြင်း၊
- အင်တိုင်းတောအမျိုးအစားနှင့် ထင်းရှုးတောအမျိုးအစား တစ်ဆက်တစ်စပ်တည်း ပေါက်ရောက်မှု အခြေအနေကို လေ့လာနိုင်ခြင်း။