ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မှော်ဘီမြို့၌ ဖွင့်လှစ်ထားသည့် အာရှသစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (Regional Education and Training Centre - RETC) ၌ ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများနှင့် သင်ရိုးညွှန်း တမ်းပြုပြင်ရေးဆွဲရေး၊ သစ်တောထိန်းသိမ်းရေးနှင့်တွဲဖက်၍ သစ်သီးဝလံနှင့် ပန်းမန်သင်တန်း ဖွင့်လှစ်သင်ကြားပေးရေး၊ ဒေသအဆင့်ဇီဝမျိုးစုံမျိုးကွဲစင်တာတစ်ခုကို နေပြည်တော်၌ တည်ထောင်နိုင်ရေး အတည်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ Korea Institute Of Geoscience And Mineral Resources (KIGAM) နှင့်ပူးပေါင်း၍ သတ္တုတူးဖော်မှုဆိုင်ရာ သုတေသန လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာ၊ ဒေသတွင်း မီးခိုးမြူငွေ့လျှော့ချရေးအတွက်ကိုရီးယားနိုင်ငံမှ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြကြောင်းသိရသည်။ (သတင်းစဉ်)