မြန်မာနိုင်ငံတွင် မီးကာကွယ်ခြင်းဆိုင်ရာ ဘက်စုံအမျိုးသားမဟာဗျူဟာလုပ်ငန်း အစီအစဉ်ရေးဆွဲရေးစီမံကိန်း (Integrated National Strategic Action Plan on Fire Management in Myanmar)၏ ကနဦး အလုပ်ရုံ ဆွေးနွေးပွဲ

နေပြည်တော်၊ ၂၀၁၉ခုနှစ် မေလ ၃၁ ရက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Food and Agriculture Organization of the United Nations (FAO)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မီးကာကွယ်ခြင်းဆိုင်ရာ ဘက်စုံအမျိုးသားမဟာဗျူဟာလုပ်ငန်း အစီအစဉ်ရေးဆွဲရေးစီမံကိန်း (Integrated National Strategic Action Plan on Fire Management in Myanmar)၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ (FAO) မှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ မီးသတ်ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စပ်ဆက်ဌာနများမှကိုယ်စားလှယ်များ စုစုပေါင်း (၆၅) ဦးခန့်တက်ရောက်ခဲ့ပါသည်။

လွယ်ကူသော မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ရေးဆွဲရန်၊ စီမံကိန်းတွင်ပါဝင်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပါဝင်ပတ်သက်သူများအဖွဲ့ ဖွဲ့စည်းရန်နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများ သတ်မှတ်ရန် မြန်မာနိုင်ငံတွင် မီးကာကွယ်ခြင်းဆိုင်ရာ ဘက်စုံအမျိုးသားမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်အား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ (Photo and News Crd# ECD)