၂၀၁၈-၂၀၁၉ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာ ရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၁−၇−၂၀၁၉

၂၀၁၈ -၂၀၁၉ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအား (၁-၇-၂၀၁၉) ရက်နေ့ ၊ နံနက် (၀၈:၃၀) နာရီတွင် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက် အမှာစကားပြောကြားပါသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ဖိတ်ကြားထားသသော ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် ဂုဏ်ထူးရှင် ကျောင်းသား/ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားများကို ၂၀၀၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၅)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁၇)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၃၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၈၂)ဦး၊ ရိုးရိုးအောင်မြင်သူ (၅၅၈)ဦး စုစုပေါင်း (၇၃၀)ဦး ဖြစ်ကြောင်း သိရှိရသည်။