ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း အား ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ မှ ဒုတိယမြို့တော်ဝန် Mr. Eiichi NAKAMURA ဦးဆောင်သည့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၆-၈-၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့မှ ဒုတိယမြို့တော်ဝန် Mr. Eiichi NAKAMURA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၆-၈-၂၀၁၉ ရက်နေ့၊ (၀၉:၄၅) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊မြန်မာ့သစ်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးဦးစောဂျွန်ရွှေဘ၊ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဇောနှင့်သစ်တောဉီးစီးဌာနမှ ညွှန်ကြားရေးမှူးဦးပြည့်စုံမျိုး တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဂျပန်နိုင်ငံ ဖူကိုအိုကာမြို့နှင့် ရန်ကုန်မြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဆက်ဆံရေးတိုးမြင့်လာစေရန်၊ တိရစ္ဆာန်များကို မူရင်းဒေသမဟုတ်သောနေရာတွင် ထိန်းသိမ်းခြင်းနှင့် မူရင်းဒေသတွင် ထိန်းသိမ်းခြင်းတို့ကိုပူးပေါင်းဆောင်ရွက်ရန်အတွက် တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် တိရစ္ဆာန်များထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ MOU ကို ဂျပန်နိုင်ငံ၊ ဖူကူအိုကာတိရစ္ဆာန်ဥယျာဉ်နှင့်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တို့အကြား လက်မှတ်ရေးထိုး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ ဆင်ဆေးရုံအတွက် ဆေးဝါး၊ ဆေးပစ္စည်းကိရိယာ၊ နည်းပညာအကူအညီ ပံ့ပိုးပေးနိုင်သည့် အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်တို့နှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။