ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြစိမ်းတေပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြစိမ်းတောင်ဒီရေတောနှင့် ကြိုးပြင်ကာကွယ်တော များအား ကြည့်ရှုစစ်ဆောင်ဒီရေတောနှင့် ကြိုးပြင်ကာကွယ်တော များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် (၁၁.၁၀.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး၊ လှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၅) အတွင်းရှိ သစ်တောထွက် ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းလီမိတက်၏ ပုဂ္ဂလိကသစ်မာစိုက်ခင်း (၁၀၀၀) ဧကအတွင်း စိုက်ခင်း ပြန်လည်ဆယ်တင်စိုက်ပျိုးသည့်အနေဖြင့် ၂၀၁၇ခုနှစ်၊  မန်ဂျန်ရှားသစ်မာ စိုက်ခင်း (၁၅၀)ဧကနှင့် ၂၀၁၈ခုနစ်၊ မန်ဂျန်ရှားသစ်မာစိုက်ခင်း (၂၂၅)ဧက တို့အား ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအတွင်း ရောဂါပိုးကျရောက်မှုကို အထူးသတိပြုစောင့်ကြည့်ရန်နှင့် လိုအပ်ပါက သစ်တောသုတေသနဌာနရှိ ကျွမ်းကျင် ပညာရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ခြောက်သွေ့ရာသီတွင် မီးသတိပြုကာကွယ်ရန်၊ စိုက်ခင်းပတ်လည်နှင့် ကွက်လပ်နေရများတွင် လေတိုက်ခတ်သည့် ဒဏ်ခံနိုင်ရန်အတွက် ဝါးပင်များ စိုက်ပျိုးရန်နှင့် မန်ဂျန်ရှားစပ်မျိုးများစမ်းသပ်စိုက်ပျိုးရာတွင် စိုက်ခင်းရည်ရွယ်ချက်အတိုင်း စိုက်ပျိုး သည့်ပန္နက် အကွာအဝေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ ပေါင်းသင်ရှင်းလင်းခြင်း၊ ဓါတ်မြေသြဇာကြွေးခြင်းနှင့် ပင်ပူးခွာကိုင်းချိုင်ခြင်းများကို စနစ်တကျ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် စိုက်ခင်းယာယီရှင်းလင်းဆောင်တွင် သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပို ရေးရှင်းလီမိတက် တာဝန်ရှိသူများမှ စိုက်ခင်းစတင်တည်ထောင်ခွင့်ပြုချက်ရသည်မှ လက်ရှိအချိန်အထိ စိုက်ပျိုးတည်ထောင်ခဲ့မှု၊ သေပင်များပြန်လည်ဖာထးခြင်း၊ စိုက်ခင်းဧကလှေျာ့နည်းပျက်စီးခဲ့မှု၊ လက်ရှိစိုက်ခင်းဟောင်းပြန်လည်ဆယ်တင်စိုက်ပျိုးခြင်းနှင့် ယခင်စိုက်ခင်းဟောင်း လက်ကျန်အပင်များ စာရင်းကောက်ယူထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းမှတ်တမ်းများ စနစ်တကျထားရှိရန်၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းသည် နည်းပညာအပြင် အချိန်နှင့်ငွေကြေးကို ရင်းနှီးမြှပ်နှံရသည့်လုပ်ငန်းဖြစ်သဖြင့် ခုတ်လှဲရောင်းချသည့်အချိန်တွင် ရင်းနှီးမြှပ်နှံထားသည့်အပေါ်  အကျိုးအမြတ်သေချာပေါက်ရရှိရန်  လိုအပ်သဖြင့် စျေးကွက်ကိုလည်းမျက်ခြေမပြတ်  လေ့လာရန်လိုအပ်ကြောင်းနှင့်  ရောဂါပိုးကျရောက်မှုမှကာကွယ်ရန်  သစ်မျိုးတစ်မျိုးတည်းအား  ဧရိယာဧကအမြောက်အများ တစ်ဆက်တစ်ဆက်တည်း  မစိုက်ပျိုးဘဲ ဒေသပေါက်သစ်မျိုးများ ကြားခံစိုက်ပျိုးရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ခုနှစ်၊ စိုက်ခင်းဆယ်တင်စိုက်ပျိုးခြင်း မန်ဂျန် ရှား(ဗီယက်နမ်မျိုးစိတ်) သစ်မာ(၁၅၀)ဧက စိုက်ပျိုးရှင်သန်နေမှုများအားကြည့်ရှု့စစ်ဆေးခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊  လှည်းငုပ်ချောင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ်(၃၅)အနီး သစ်တောဉီးစီးဌာန၊ သစ်စေ့နှင့်ပျိုးပင်ထုတ်လုပ်ရေးစခန်းဝင်းအတွင်း  အာရှဒေသသစ်တော ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (Asia Forest Cooperation Organization) ဒေသ အဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (Regional Education and Training Center – RETC) သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ သင်တန်းကျောင်း လေ့ကျင့်ရေးသစ်တော (Training Forest) တည်ထောင်ရန် ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ခြောက်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်ပြီးစီးမှုနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းလေ့ကျင့်ရေး သစ်တောအား နိုင်ငံတကာမှ သင်တန်းသားများအပြင် ပြည်သူများပါဝင်သည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု သင်တန်းများအတွက်ပါ လက်တွေ့သရုပ်ပြအသုံးချနိုင်ရန် စနစ်တကျတည်ထောင်သွားရန်နှင့် ဝန်ထမ်းနေအိမ်များအား အိမ်ယာထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီး စနစ်တကျနေရာချ ထားခြင်းများဆောင်ရွက်ရန်နှင့် ထပ်မံလိုအပ်သည့် ဝန်ထမ်းအိမ်ယာများအတွက် ရန်ပုံငွေရရှိနိုင်ရေး ဆောင်ရွက်ရမည့်အစီအစဉ်များအား ဆွေးနွေးမှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၂.၁၀.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကေျးရွာအနီးရှိ မြစိမ်းသောင်ဒီရေတော ကြိုးပြင်ကာကွယ်တောအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ သစ်တောဉီးစီးဌာနတာဝန်ရှိသူများမှ လက်ခုပ်ကုန်းဒေသအပါအဝင် ရန်ကုန်တိုင်းဒေသကြီး မုတ္တမပင်လယ်ကွေ့ဧရိယာ တစ်လျှောက် ဒီရေတောထိန်းသိမ်းရေး ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းတည်ထောင်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ Worldview International Foundation မှရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ ကမ်းတက်မြေများ၌ ဒီရေတောပင်များ စိုက်ပျိုးခြင်း၊ သဘာဝဒီရေတောများထိန်းသိမ်းခြင်း၊ ဒီရေတောများမှ ကာဗွန်ခရက်ဒစ် (Carbon Credit) အတွက် ရရှိရေးအတွက် စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့ အဖွဲ့ဝင်များမှ ၄င်းတို့တွေ့ကြုံနေရသည့်အခက်အခဲများနှင့် အကြံပြုချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ပြင်းထန်သောရာသီဥတုများဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လာ လျက်ရှိကြောင်း၊ ကမ်းရိုးတမ်းဒေသနေ ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကြုံတွေ့နိုင်ချေပိုမိုမြင့်မားလာကြောင်း၊ ဒီရေတောများသည် မုန်တိုင်းများ၊ ဆူနာမီကဲ့သို့သော လှိုင်းလုံးကြီးများစသည့် သဘာဝဘေးအန္တရာယ်တို့မှ ကာကွယ်ရာတွင်အထိရောက်ဆုံးသော သဘာဝအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် ဒီရေတောများမှရရှိသည့် ဂေဟစနစ်ဝန်ဆောင်မှုများ ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းအပြင် ဒီရေတောပျားရည်၊ ဓနိကဲ့သို့သော အသေးစားသစ်တောထွက်ပစ္စည်းများသည် ဒေသခံပြည်သူများ၏ လူနေမှုဘဝအတွက် သဘာဝကပေးသည့် လက်ဆောင်ဖြစ်ကြောင်း၊ စနစ်တကျထိန်းသိမ်းကာကွယ်ပေးခြင်းဖြင့် ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွက် သားစဉ်မြေးဆက် လုံခြုံစိတ်ချရသည့် လူမှုဘဝကိုရရှိမှာဖြစ်ကြောင်း၊ သဘာဝကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် ရေရှည်တည်တံ့သည့် လူမှုဘဝကိုရရှိမည်ဖြစ်ရာ ယခုကဲ့သို့ ဒေသခံပြည်သူများမှ ဒီရေတောထိန်းသိမ်းကာကွယ်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးတဲ့ လက်ခုပ်ကုန်းဒေသခံပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ရခိုင်နှင့်မွန်ပြည်နယ်များတွင်ပါ ဒီရေတော ကြိုးပြင်ကာကွယ်တောများ တည်ထောင်ရေး၊ ဒီရေတောပင်များတိုးချဲ့စိုက်ပျိုးရာတွင် ငွေကြေးနှင့် နည်းပညာများ ကူညီပံ့ပိုးပေးနိုင်ရေး အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစိမ်းသောင်ဒီရေတော ကြိုးပြင်ကာကွယ် တောအတွင်း သမဲ့သစ်မျိုး တိုက်ရိုက်အစေ့ချ စမ်းသပ်စိုက်ပျိုးထားရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ သည်။

ပြည်ထောင်စု ဝန်ကြီးသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။