ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ အား PURDUE University မှ Dr. Shannon Bischoff နှင့် အဖွဲ့ မှ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၄-၁၂-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေအား PURDUE University၊ University Research and Innovation မှ Director ဖြစ်သူ Dr. Shannon Bischoff နှင့် အဖွဲ့အား ယနေ့ ၂၄-၁၂-၂၀၁၉ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယဝန်ကြီးနှင့်အတူသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်ဒေါက်တာစန်းဝင်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် PURDUE University နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ရည်မှန်းချက်နှင့် သင်ကြားမှုအခြေအနေများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နှင့်ပတ်သက်၍ ပညာရှင်များ ပိုမိုထွက်ပေါ်လာရေး လိုအပ်ချက်နှင့် ထပ်မံတိုးချဲ့သင်ကြားမှု၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်ကိုက်ညီမှု၊ သင်ကြားမည့် ဆရာများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ အစီအစဉ်များ၊ တက္ကသိုလ် ၂ ခုအကြား သင်ကြားရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။