ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr.Bhim K Udas လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၃၀-၁-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr.Bhim K. Udas အား ယနေ့ ၃၀-၁-၂၀၂၀ ရက်နေ့၊ (၁၁:၃၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်း တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ ဧပြီလအတွင်း ကျင်းပရန်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု၊ တောင်တန်းများနှင့် အနာဂတ်လူ့ဘောင်ညီလာခံ (Sagarmatha Sambadd – A Global Dialogue) ကျင်းပမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ဟင်ဒူ-ကတ်ရှ်-ဟိမဝန္တာတောင်တန်းဒေသ တစ်လျောက်ရှိ နိုင်ငံများနှင့် ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (International Centre for Integrated Mountain Develpment – ICIMOD) နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။