၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အစီအစဉ်

နေပြည်တော်၊ ၂၉−၅−၂၀၂၀

၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်Digital Campaign တစ်ရပ်အား တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့ဆောင်ပုဒ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး​​ဦးစီးဌာနမှ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါအစီအစဉ်တွင် FM radio လိုင်းမှတစ်ဆင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း၊ WED 2020 Quiz (Facebook Live) မေး/ဖြေ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်တို့အား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါရန်နှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website ဖြစ်သော www.ecd.gov.mm နှင့် facebook page (Environmental Conservation Department - ECD) တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

Digital Campaign နှင့်အတူ “အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (National Clean and Green School Award) ချီးမြှင့်ခြင်းနှင့် အိမ်တိုင်ရာရောက် ပျိုးပင်များဖြန့်ဝေ၍ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်တို့အားလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါသည်။