၂၀၂၀ ပြည့်နှစ်၊ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ၁၅−၈−၂၀၂၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၀၅:၃၀)နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် လယ်ဝေးမြို့၊ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အရှင်သူမြတ်များထံမှ ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ငါးပါးသီလခံယူ ဆောက်တည်ကြပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီး၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီး၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့်တကွ လှူဘွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။

ဆက်လက်၍ ပေါက်မြိုင် ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်များထံမှ တရားနာကြား၍ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)