ဒုတိယဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောဦးစီးဌာနလုပ်ငန်းများနှင့် မြန်မာ့သစ်လုပ်ငန်းရှိ သစ်စက်များ ကြည့်ရှုစစ်ဆေး

       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း၊ စဥ့်ကူးကြိုးဝိုင်း၊ ပြင်ဦးလွင်သစ်ထုတ်ရေးဒေသ၊ စီးပွားရေးသက်ကြီးကျွန်း စိုက်ခင်းအကွက်များအတွင်း သစ်တောဦးစီးဌာန၏ ကျွန်းစိုပင်ထောင်ရိုက်မှတ်မှု၊ မြန်မာ့သစ် လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၏ တောတွင်းသစ်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အား စစ်ဆေးပြီး မှတ်ရိုက်ခြင်းလုပ်ငန်းနှင့်ခုတ်လှဲဖြတ်ပိုင်းပေးခြင်း၊ လမ်းဖောက်လုပ်ခြင်းနှင့် ကား တိုက်သယ်ယူခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာညွှန်ကြားချက်များ၊ Standard Operating Procedures- SOP လုပ်ငန်းစဉ်များနှင့်အညီ သတ်မှတ်ပမာဏပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်း များ ပြီးစီးအောင်ဆောင်ရွက်ရန်၊ သစ်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားပါသည်။

       နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းဌာန၏ ပုံဖော်စက်ရုံ အမှတ် (၂-က) နှင့် ပုံဖော်စက်ရုံအမှတ် (၂-ခ) တို့အားကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သစ်အခြေခံ အရည်အသွေးမြှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့် တွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။