ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သစ်တောထိန်းသိမ်းရေးပညာပေးလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သစ်တောဦးစီးဌာနနှင့် ဘားအံမြို့နယ်၊ အခြေခံပညာရေးဦးစီး ဌာနတို့မှ ပူးပေါင်း၍ ၂၁-၁၂-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဘားအံမြို့၊ အခြေခံပညာ အထက်ကျောင်း၊ အမှတ်(၂) မှ ဆရာမ (၄)ဦး၊ အဌမတန်း(Grade-9)မှ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတို့အား ဘားအံမြို့မပျိုးဥယျာဉ်တွင် ဘားအံခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့် ပျိုးဥယျာဉ်တာဝန်ခံတို့မှ ပျိုးဥယျာဥ် ဆိုင်ရာလုပ်ငန်းများ။ သစ်တောထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီးလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊မိုးရာသီတွင် စိုက်ပျိုးမည့်သစ်မျိုး (၉) မျိုး၊ ပျိုးပင်(၈၀,၀၀၀) ပင်အား ပျိုးထောင်နေမှုအခြေအနေတို့အား လက်တွေ့ပြသခဲ့ပါကြောင်းနှင့် ဆရာမ၊ ကျောင်းသား/ ကျောင်းသူများမှ ပျိုးပင်ပျိုးထောင်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်းကောင်း ရှင်းပြခြင်း လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက် ခဲ့ပါသည်။