မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်

၁၉.၁၂.၂၀၂၃ ရက်နေ့ မန္တလေးမြို့တော်ခန်းမတွင်ကျင်းပသော Mandalay Climate Forum တွင် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ PPT ဖြင့်ပါဝင်ဆွေးနွေးခြင်း၊ သဘာပတိအဖြစ်‌ဆောင်ရွက်ခြင်း၊လက်ကမ်းစာစောင်နှင့်စာအုပ်များဖြန့်ဝေခြင်း၊Display စာအုပ်များပြသခြင်း၊များဆောင်ရွက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီ ပထမအကြိမ်အစည်းအဝေးအား ၂၁.၁၂.၂၀၂၃ ရက်နေ့တွင် ခရိုင်ထွေ/အုပ်ရုံးအစည်းအဝေး ခန်းမတွင်ကျင်ပခဲ့ရာခရိုင် အုပ်ချုပ်ရေးမှူး၊ကောမတီဝင်များ၊ အထူးဖိတ်ကြားထားသူများ၊ ရပ်ရွာအဖွဲ့အစည်းကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

၂၀-၁၂-၂၀၂၃ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်)၌ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအ‌ကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်များ"၊ ဦးစီးအရာရှိက "လေထုအကြောင်းသိကောင်းစရာ"တို့အား အသိပညာပေးဟောပြောခဲ့ရာ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 

ရှမ်းပြည်နယ်မိုင်းဆတ်ခရိုင်မှုးမှမိုင်းဆတ်မြို့နယ်အ​ထွေ​ထွေအုပ်ဦးစီးဌာနတွင် ဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်း​ဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွင် ၂၂.၁၂.၂၀၂၃ ရက်​နေ့၌ ဦး​အောင်မျိုးနိုင် လက်​ထောက်ညွှန်ကြား​ရေးမှူးမှ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အ​ကြောင်းအသိပညာ​ပေး​ဟော​ပြောခြင်း ​ဆောင်ရွက်ခဲ့ပါ​သည်။