မန္တလေးတိုင်းဒေသကြီး၊ သယံဇာတဝန်ကြီး ဦးရွှေဇင်နှင့် ဥပဒေချုပ် ဦးမြင့်အောင်တို့ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်အမျိုးသား ဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

       မန္တလေးတိုင်းဒေသကြီး၊ သယံဇာတဝန်ကြီး ဦးရွှေဇင် နှင့် ဥပဒေချုပ် ဦးမြင့်အောင်တို့သည် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်အမျိုးသား ဥယျာဉ်သို့ (၂၆-၁၂-၂၀၂၃)ရက်နေ့တွင် လာရောက်ကြည့်ရှုလေ့လာြပီး ပုပ္ပားတောင် ဥယျာဉ်၊ သမင်ခြံ၊ ပညာပေးပြခန်း၊ ပရဆေးဥယျာဉ်နှင့် အဆင့်မြင့်နား နေဆောင်တို့အား ကြည့်ရှုရာ ပုပ္ပားတောင်ဥယျာဉ်ရှိ အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် တာဝန်ရှိဝန်ထမ်းများကရှင်းလင်းတင်ပြကြပါသည်။