ကော်ဖီပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာသင်တန်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

   သစ်တောဦးစီးဌာနသည် အာရှဒေသသစ်တောကကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Asian Forest Cooperation Organization-AFoCO) ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်း ခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများဖွံဖြိုးမှုဆိုင်ရာ စံပြသစ်တော တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ(၄)နှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တွင် စီမံကိန်း၏ အဓိကရည်မှန်းချက်ဖြစ်သော ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးစေရန်နှင့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေသော မြေယာစီမံအုပ်ချုပ်ခြင်း နည်းလမ်းဖြင့် စံပြသစ်တောများ တည်ထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရည်မှန်းချက်များပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ကော်ဖီပင် စိုက်ပျိုး ပြုစုခြင်းဆိုင်ရာသင်တန်း” ကို  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၈:၃၀ အချိန်တွင် ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေး ဌာနနှင့် ရှမ်းပြည်နယ်တို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီး အရာရှိများ နယ်မြေခံတာဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ နှင့် လွယ်တန့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း လုပ်ကိုင်နေ သော ဒေသခံ(၂၃)ဦး၊ စုစုပေါင်း (၄၀) ဦး ပါဝင်တက်ရောက်လျက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။