ဒေသပန်းမျိုးများနှင့် နှင်းဆီပန်းမျိုးများ တိုးချဲ့စိုက်ပျိုးခြင်းဆွေးနွေးပွဲကျင်းပ

           ၂၇-၁၂-၂၀၂၃ ရက်နေ့တွင် ပြင်ဦးလွင်အမျိုးသားအထိမ်းအမှတ်ဥယျာဉ် အစည်းအဝေး ခန်းမ၌ သစ်တောဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ပြင်ဦးလွင်၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်း ဒေသပန်းမျိုးများနှင့် နှင်းဆီပန်းမျိုးများ တိုးချဲ့စိုက်ပျိုးခြင်း ဆိုင်ရာဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ရာတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၇)ဦး၊ ဆက်စပ် ဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များဖြစ်သည့် ဒေါက်တာ စိုးမြင့်အေး(ပါမောက္ခချုပ်၊ စစ်ကိုင်းတက္ကသိုလ်)၊ ဒေါက်တာကလျာလူ(ပါမောက္ခ၊ မန္တလေးတက္ကသိုလ်)၊ ဒေါက်တာ ခင်ပုလဲ(ပါမောက္ခ၊ ရတနာပုံတက္ကသိုလ်)၊ စိုက်ပျိုးရေးဦးစီးဌာနမှ(၄)ဦး၊ ထူးကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ပြင်ဦးလွင်မြို့မှ ဥယျာဉ်ပန်းမန်နှင့် နှင်းဆီ စိုက်ပျိုးသူ လုပ်ငန်းရှင်များ အင်အား(၄၀)ဦးမှ နံနက်(၀၉:၀၀)နာရီမှ(၁၃:၀၀)နာရီ အထိ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

          ညွှန်ကြားရေးမှူးချုပ်မှ ကန်တောကြီးဥယျာဉ်အတွင်း ဒေသပန်းများနှင့် နှင်းဆီပင်များ အား အရောင်အဆင်းပိုမိုလှပပြီး မွှေးရနံ့သင်းပျံ့၍ လာရောက်လည်ပတ်သူများအား စွဲဆောင်မှုရှိစေရန်အတွက် လိုအပ်သည့်နည်းပညာများ ဝိုင်းဝန်းဆွေးနွေးပေးရန်၊ လမ်းညွှန်ချက်များအား timeline ချ၍ ချက်ချင်းဆောင်ရွက်ရန်နှင့် ထူးကမ္ပဏီအနေဖြင့် ဆက်စပ်ဌာနများနှင့်ပေါင်းစပ်၍ လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း ဦးစွာဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ပညာရှင်များမှ နှင်းဆီစိုက်ပျိုးရာတွင် အဆင်းလှသောနှင်းဆီ၊ အနံ့မွှေးသောနှင်းဆီ၊ သဘာဝမြေဩဇာအသုံးပြုသော နှင်းဆီ၊ ဒေသနှင်းဆီပင်များ အစရှိသည်တို့အား စိုက်ကွက်အလိုက်စိုက်ပျိုး၍ မှတ်တမ်းထားရှိပြီး သုတေသနပြုလုပ်ရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးသည့်ပန်းများအား Flower Calendar (သို့) Flower Time ရရှိနိုင်ရေး တက်ရောက်လာသည့် ပါမောက္ခများမှ ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ကန်တောကြီးဥယျာဉ်အတွင်းရှိ အပင်များ၏ Scientific Name များအား ရုက္ခဗေဒဌာနမှ ဆရာများနှင့် တက္ကသိုလ်ကျောာင်းသားများဖြင့် Update ပြုလုပ် ခြင်းအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဒေသရှိ ပန်းစိုက်ပျိုးသူနှင့် ပန်းဝါသနာ ရှင်များမှလည်း ၎င်းတို့သိရှိသည့် ဆိတ်ဖလူး ကဲ့သို့ ဒေသအပင်များသည် အနံ့မွှေးသည့် အတွက် ထည့်သွင်းစိုက်ပျိုးသင့်ကြောင်း၊ လက်ရှိပျိုးထောင်နေသည့် နှင်းဆီဥယျာဉ်ခြံ များမှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဆွေးနွေးခြင်းနှင့် ဆွေးနွေးပွဲတက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ ကန်တော်ကြီးအမျိုးသား ဥယျာဉ်အတွင်း စိုက်ပျိုးထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးသင့်သည့် နေရာများအား ကွင်းဆင်းလှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။