သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများအား ၂၀၂၄ ခုနှစ် နှစ်သစ်ကူးလက်ဆောင်ပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကျင်းပ

      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများအား ၂၀၂၄ ခုနှစ် နှစ်ကူးလက်ဆောင်ပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ကြာသပတေးနေ့၊ နံနက် (၀၉း၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ကျွန်းရွှေဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားသို့ ပြည်‌‌ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လက်ထောက်အတွင်းဝန်များနှင့် ပြည်‌ထောင်စုဝန်ကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၄ ခုနှစ် နှစ်သစ်ကူး အမှာစကားများ ပြောကြားပြီး နှစ်သစ်ကူးလက်ဆောင်ပစ္စည်းများကို ဝန်ထမ်းများက ကိုယ်တိုင် မဲနှိုက်ကံစမ်းခဲ့ကြပါသည်။

     ထိုသို့မဲနှိုက်ကံစမ်းကြရာတွင် ဆုမဲပေါင်း ၂၃၈ ခု တို့အား ဗလာမပါကံစမ်းမဲစနစ်ဖြင့် ကျင်းပခဲ့ပြီး ဝန်ထမ်း ၁၉၃ ဦး တို့မှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများအား အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို နံနက် ၁၀း၅၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။