၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲ၊ ရွှင်ပွဲများကျင်းပ

၁။      ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှဦးဆောင်၍ အထောက်အကူပြုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအများဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့နှင့် ပူးပေါင်း၍ ၄-၁-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ အမှတ် (၇) အခြေခံပညာ အထက် တန်းကျောင်း အားကစားကွင်း၌  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

၂။       အဆိုပါအားကစားပြိုင်ပွဲနှင့် ပျော်ပွဲ၊ ရွှင်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ အထောက်အကူပြုဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၂၀၀)ကျော် တက်ရောက်သည်။

၃။      အခမ်းအနားတွင် ဘောလုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ခြင်းအပါအဝင် အားကစားနည်း (၁၂) မျိုးကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက အနာဂတ် မြန်မာပြည်သို့သီချင်းကို ယိမ်းအကဖြင့် ကပြဖျော်ဖြေကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အားကစားနည်းအလိုက် ဆုများပေးအပ်ချီးမြှင့်သည်။

၄။      (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲသို့ တက်ရောက်လာကြ သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအား ကြာဇံချက်၊ လက်ဘက်ရည်/ကော်ဖီတို့ဖြင့် လည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအား ပေါင်မုန့်၊ အအေးတို့ဖြင့် တည့်ခင်းဧည့်ခံကြသည်။