မြေတိုင်းဦးစီးဌာန(နေပြည်တော်)၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအား သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန(နေပြည်တော်)၌ ၃-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နှင့် One Map Myanmar စီမံကိန်း ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များမှ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ လမ်းလျှောက် ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပါသည်။ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများမှ ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။