၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပခြင်း

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ၂-၁-၂၀၂၄ မှ ၄-၁-၂၀၂၄ နေ့ထိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရုံးတွင်ကျင်းပရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရာတွင် အားကစားနည်း ၁၁ မျိုး၊ အားကစားပြိုင်ပွဲပေါင်း ၁၆ ပွဲ နှင့် ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲများအပါအဝင် အားကစားသမားပေါင်း (ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု) ပြိုင်ပွဲဝင် ၃၇၂ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

အားကစားသမားပေါင်း ၃၇၂ ဦးအနက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၂၅ ဦး၊ သစ်တောဦးစီးဌာန ၆၆ ဦး နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက၂၈၁ ဦး ပါဝင် ဆင်နွဲခဲ့သည်။