မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း(ပြင်ဦးလွင်)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲကျင်းပခြင်း

 

မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း(ပြင်ဦးလွင်)တွင်

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲကျင်းပခြင်း

 

မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်း ကျောင်း(ပြင်ဦးလွင်)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအား အသင်း(၆)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာတွင် Plane Table FC အသင်းက ပထမ၊ Diagonal Scale FC အသင်းက ဒုတိယ၊ R.T.K FC အသင်းက တတိယ အသီးသီးရရှိခဲ့ကြပြီး ဆုဖလားနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ညွှန်ကြားရေးမှူး (ကျောင်းအုပ်ကြီး)နှင့် သင်တန်းတာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြ ပါသည်။

ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး အားကစားသမား(၁)ဦး၊ အသန့်ရှင်းဆုံး အားကစား သမား(၂)ဦး၊ အကောင်းဆုံးအားကစားသမား (၂)ဦး၊ နောက်တန်းအကောင်းဆုံး အားကစားသမား (၂)ဦးနှင့် အကောင်းဆုံး ဂိုးသမား(၁)ဦးတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။