ပုဂံညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ပလပ်စတစ်အမှိုက်ကောက်ပွဲ (Plastic Campaign) ကျင်းပပြုလုပ်ခြင်း

ပုဂံညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ပလပ်စတစ်အမှိုက်ကောက်ပွဲ (Plastic Campaign) ကျင်းပပြုလုပ်ခြင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ၆-၁-၂၀၂၄ ရက်နေ့ နံနက်က ညောင်ဦးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်မှုဖြင့် ပလတ်စတစ်အမှိုက်ကောက်ပွဲ (Plastic Campaign)ကို သဗ္ဗေညုဘုရားနှင့် အာနန္ဒာ ဘုရားဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပလတ်စတစ်အမှိုက်ကောက်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လာရောက်အားပေးခဲ့ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၀၀)ဦး ပါဝင်ခဲ့ပါသည်။ ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများ စိုက်ထူကပ်ထားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။