သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၁၇) ကျောင်းသားများအားနှင့်တွေ့ဆုံ

သစ်တောသုတေသနစခန်းအမှတ်(၅)၊ မိုးစွေစခန်းတွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၁၇) ပထမနှစ်ဝက်(ဆောင်းရာသီ)တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော ကျောင်းသားများအား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ လမ်းညွှန်မှာကြားခြင်း

 

(၇-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၇) အတွင်းရှိ သစ်တောသုတေ သနစခန်းအမှတ်(၅)၊ မိုးစွေစခန်းတွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၁၇) ပထမနှစ်ဝက်(ဆောင်းရာသီ)တောတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသော သင်တန်းသား (၁၀၆)ဦးထံသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ရောက်ရှိ၍ သစ်တောဦးစီးဌာန၏ သစ်တောမူဝါဒအချက်(၆)ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ သစ်တောဝန်ထမ်းများ၏ ခံယူချက်၊ အကျင့်စာရိတ္တကောင်းမွန်စွာ ကျင့်ကြံနေထိုင်ကြစေရေးနှင့် အလုပ်လုပ်သည့်အခါ ထားရှိရမည့် စိတ်သဘောထားများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ သုတေသနစခန်းရှိ အမြဲတမ်းပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များထံ လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။