မြန်မာ့သစ်လုပ်ငန်းမှ အသက်(၇၅)နှစ်အထက် အငြိမ်းစားသက်ကြီးဆရာများအား (၁၉)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

         မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန / ပြည်ပရောင်းဝယ်ရေး နှင့်သစ်စက်ဌာန / သစ်အခြေခံစက်မှုလုပ်ငန်းဌာန တို့မှ အငြိမ်းစား ယူသွားခဲ့ကြသော အသက်(၇၅) နှစ် အထက် သက်ကြီးဆရာကြီးများအား ဌာနများရှိ တာဝန် ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်း များ နှင့် အသက် (၇၅) နှစ်အောက် အငြိမ်းစား အရာထမ်းများမှ နှစ်စဉ်မပျက် သက်ကြီး ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်မှာ (၁၉) ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။

          ယခုနှစ်တွင်လည်း (၁၉)ကြိမ်မြောက် အသက်(၇၅)နှစ်အထက် အငြိမ်းစားသက်ကြီး ဆရာကြီးများအား ပူဇော်ကန်တော့ပွဲကို (၇-၁-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်း / ပြည်ပ / သစ်အခြေခံ ဌာနများမှ အသက်(၇၅)နှစ်အထက် အငြိမ်းစား ဆရာကြီး (၈၉) ဦး ရှိသည့် အနက် (၄၅) ဦး တက်ရောက်ခဲ့သည့်အတွက် အဆိုပါ ဆရာကြီးများအား ကိုယ်ထိလက်ရောက် ကန်တော့နိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာကြီးများအား ကိုယ်စားလှယ်များ စေလွှတ်၍ ကန်တော့ခဲ့ကြပါသည်။

          အဆိုပါ ပြည်တွင်း / ပြည်ပ / သစ်အခြေခံ ဌာနများမှ အသက်(၇၅)နှစ်အထက် အငြိမ်းစား သက်ကြီးဆရာပူဇော်ပွဲသို့ ကန်တော့ခံ ဆရာကြီး (၄၅) ဦး၊ အသက် (၇၅) နှစ်အောက် အငြိမ်းစား (၄၀) ဦး ခန့် နှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း (၁၁၀) ကျော် တက်ရောက်ခဲ့ကြပါသည်။