သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်

၈-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဝန်ထမ်းများ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ပေးပို့တင်ပြခဲ့သည့် ဆန္ဒပြုလွှာ (၁၄)စောင်နှင့် သီးခြားဆန္ဒပြုတင်ပြချက် (၁)ခု အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။