သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြ၊ ဟောပြောပွဲများကျင်းပ

  (၁၇.၁.၂၀၂၄) ရက်နေ့တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊  မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးပွဲနှင့်မီးငြိမ်းသတ်ရေးဆိုင်ရာ သရုပ်ပြလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မီးသတ်ဦးစီးဌာန၊ဥတ္တရသီရိခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်အောင်ထွန်းနှင့် ဥတ္တရသီရိမြို့နယ်၊ မြို့နယ်ဦးစီးအရာရှိ၊ ဦးစိုးသက်နောင်တို့မှ မီးလောင်မှုဖြစ်ပွားသည့် အခြေခံအကြောင်းတရားများ၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်မှုများ၊ မီးငြိမ်းသက်ခြင်းဆိုင်ရာအခြေခံအသိပညာများကို ဟောပြောရှင်းလင်းတင်ပြခဲ့ပြီး လက်တွေ့မီးငြိမ်းသတ်ရေး မြေပြင် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ  သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သစ်တောဦးစီးဌာနရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။