မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ကျင်းပပြုလုပ်မည့် World Wetland Day အခမ်းအနားနှင့် ပုပ္ပါးတောင်အမျိုးသားဥယျာဉ်၌ ကျင်းပပြုလုပ်မည့် Popa Mountain National Geopark ဆိုင်းဘုတ်ဖွင့်လှစ်ပွဲ အခမ်းအနားများအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ကျင်းပပြုလုပ်မည့် World Wetland Day အခမ်းအနားနှင့် ဖေဖော်ဝါရီလ လကုန်ပိုင်းတွင် ပုပ္ပါးတောင်အမျိုးသားဥယျာဉ်၌ ကျင်းပပြုလုပ်မည့် Popa Mountain National Geopark ဆိုင်းဘုတ်ဖွင့်လှစ်ပွဲ အခမ်းအနားများအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၇-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။