မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီအပါအဝင် ကော်မတီ(၃)ရပ်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

   မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီအပါအဝင် ကော်မတီ(၃)ရပ်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၇-၁-၂၀၂၄ ရက်နေ့ ၁၃:၀၀ နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။                                     

   ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ အမှာစကားပြောကြားပြီး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ၊ ခရိုင်ပညာရေးမှူးနှင့် အစည်းအဝေးတက်ရောက် လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြု တင်ပြခဲ့ကြပြီး အစည်းအဝေးကို ၁၅း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။