သစ်တောဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ပထမအကြိမ်)ကျင်းပ

     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ပြည်နယ်နှင့်တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(ပထမအကြိမ်)ကို(၁၉-၁၂၀၂၄)ရက်နေ့ နံနက်(၀၈:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ နှင့် ဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများက  လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ကြမည့်အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို မွန်းလွဲ(၁၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။