မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) စီမံကိန်းအထောက်အကူပြု VxRail Server Infra Management and Optimization ပြုလုပ်ပုံအဆင့်ဆင့်နှင့်အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

     ၁၉-၁-၂၀၂၄ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် Information Access Center သင်တန်းခန်းမ၌ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) စီမံကိန်းအထောက်အကူပြု VxRail Server Infra Management and Optimization ပြုလုပ်ပုံအဆင့်ဆင့်နှင့်အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 

   အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများမှ သင်တန်းသား/သူ (၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြင့်ခဲ့ကြပါသည်။ သင်တန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သင်တန်းသား (၁)ဦး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနည်းပညာဌာနမှ သင်တန်းသား (၂)ဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသူ (၃)ဦးနှင့် မြေတိုင်းဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ (၁၄)ဦး တို့ တက်ရောက်ခဲ့ကြသည်။