လေထုညစ်ညမ်းမှုအန္တရာယ်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

    ၁၉-၁-၂၀၂၄ ရက်နေ့တွင် ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာရှိ အမျိုးသား (၄၅)ဦး၊ အမျိုးသမီး (၅၅)ဦး၊ စုစုပေါင်း (၁၀၀)ဦးတို့အား “လေထုညစ်ညမ်းမှုအန္တရာယ်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး”ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။