တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုရွေးချယ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

   ၁၉-၁-၂၀၂၄ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုရွေးချယ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ‌ရေးရာဝန်ကြီးမှတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ တိုင်းအဆင့်အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းဆုရွေးချယ်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့်အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပါသည်။ ထို့နောက် ဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီး အစည်းအဝေးကို ၁၁:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။